ဗြိတိန်က အိန္ဒိယရဲ့ကိုယ်ပိုင်တိုက်လေယာဥ်တည်ဆောက်မှု ကူညီဖို့ ကမ်းလှမ်း
နယူးဒေလီ – ဧပြီ(၂၂) အနောက်နိုင်ငံတွေက အိန္ဒိယနိုင်ငံကို ရုရှားနဲ့ဝေးကွာဖို့ကြိုးပမ်းနေချိန်မှာ ဗြိတန်ဟာ သူတို့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တည်ဆောက်မှုနည်းလမ်းနဲ့ ကာကွယ်ရေးပစ္စည်း အစိတ်အပိုင်းတွေကို မြန်မြန်ဆန်ဆန်ထုတ်ပေးနိုင်ဖို့ လိုင်စင်ထုတ်ပေးဖို့စီစဉ် ထားပါတယ်။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ရဲ့ အိန္ဒိယပထမဦးဆုံးအကြိမ်ခရီးစဉ်မှာ ကုန်သွယ်ရေးနဲ့စစ် သုံးအစိတ်အပိုင်းထက်ဝက်ကျော်ဝယ်ယူထားတဲ့ တောင်အာရှနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ကမ္ဘာကြီးဟာ ဒီမိုကရေစီကို အဟန့်အတားဖြစ်စေသော သက်ဦးဆံပိုင်ဆံပိုင် နိုင်ငံများမှ ကြီးထွားလာသော ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရပြီး…