April 2022

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှု ပါတီ ၄၆ ခုက အရွေးခံမည်

မော်လမြိုင် ၊ ဧပြီ (၂၆) ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှုကို ပါတီ (၄၆) ခုက ဝင်ရောက်အရွေးခံ စာရင်းသွင်းထားတယ်လို့ UPDJC အလုပ်အဖွဲ့ ခေါင်းဆောင် စိုင်းအိုက်ပေါင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ UPDJC ရဲ့…

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနကို စတင်ဖွဲ့စည်း

ရန်ကုန် ၊ ဧပြီ (၂၆) အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ပြည်နယ်ကောင်စီတွေရဲ့ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီပေးနိုင်ဖို့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနကိုစတင် ဖွဲ့စည်းခဲ့တယ်လို့ ဧပြီလ (၂၄) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ NUG ရဲ့ နယ်မြေစိုးမိုးမှုတွေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လစ်လပ်သွားတဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အစားထိုးဖို့ အုပ်ချုပ်ရေး၊လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့လို့ ထုတ်ပြန်ချက်မှာ…

တံခွန်တိုင်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ် အရပ်သားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းကားအဖြစ် အသုံးပြု

ဝင်းရေး ၊ ဧပြီ (၂၆) ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာဘက်ကို ဦးတည်ချီတက်လာတဲ့ စစ်ကောင်စီတပ်ဟာ ချီတက်ရာလမ်းတစ်လျှောက်မှာ ဒေသခံအရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ KNLA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာ ရဲစခန်းနားမှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကစပြီး KNLA တပ်မဟာ ၆…

မွန်ပြည်သစ်ပါတီ ဦးဆောင်ပြီး မွန်အမျိုးသားကွန်ဖရန့် ကျင်းပဖို့ ရှိနေ

မော်လမြိုင် ၊ ဧပြီ (၂၆) အပစ်ရပ် စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး မွန်အမျိုးသားကွန်ဖရန့် ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အဲဒီမွန်အမျိုးသားကွန်ဖရန့်ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသဖြစ်တဲ့ မွန်အမျိုးသားပညာရေးဗဟိုဌာနမှာ လာမယ့် မေ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတာပါ။ အဲဒီကွန်ဖရန့်မှာတော့ အမျိုးသားစည်းလုံး‌ရေးကို ဖော်ဆောင်ဖို့၊ဖက်ဒရယ်ပြည်ထောင်စုရဲ့အခြေခံမူကို ရေးဆွဲနိုင်ဖို့အပါအဝင်…

တောင်ငူခရိုင်အတွင်းက စစ်စခန်းနှစ်ခုကို ဆယ့်ငါးရက်အတွင်း ထွက်ခွါဖို့ (KNU) သတိပေး

တောင်ငူ -ဧပြီ (၂၅) ကရင်အမျိုးသားအစည်းအရုံး(KNU)တောင်ငူခရိုင်အတွင်းက ကျီးချောင်းစစ်စခန်းနဲ့ (၄၈) မိုင်ကိုဒေးစစ်ခန်းတွေကို ဒီနေ့ဧပြီလ(၂၅) ရက် နေ့ကစပြီး(၁၅) ရက်အတွင်း ရုပ်သိမ်းထွက်ခွါသွားကြဖို့ ကရင်အမျိုးသားကာကွယ် ရေးတပ် (​KNDO) တပ်ရင်း(၄) က သတိပေးစာထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီစစ်စခန်းနှစ်ခုကြောင့်ပြည်သူတွေထိတ်လန့်နေရတဲ့အပြင် မိုင်းကွင်း တွေကြာင့်လည်း နေ့စဉ်သွားလာတဲ့အခါမှာ အဟန့်အတားဖြစ် နေရပြီး စစ်စခန်းတွေက ပစ်ခတ်တွေကြာင့်လည်း ပြည်သူတေဆိုးရိမ် နေကြတယ်လို့ သိရပါတယ်။ ကရင်အမျိုးသားကာကွယ်…

ထိုင်ဝမ်ကို တရုတ်ကျူးကျော်လိုက်ပြီလို့ဆိုတဲ့ သတင်းအမှားထုတ်လွှင့်ခဲ့တဲ့ ပြည်တွင်းရုပ်သံဌာနကို အစိုးရစုံစမ်းစစ်ဆေးမယ်

တိုင်ပေ – ဧပြီ(၂၅) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို တရုတ်ကျူးကျော်ဝင်ရောက်ထားတယ်ဆိုတဲ့ သတင်းအမှား ကိုထုတ်လွှင့်ခဲ့တဲ့ ဒေသတွင်း ရုပ်သံသတင်းဌာနတစ်ခုကို ထိုင်ဝမ်အစိုးရက စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ တရုတ်ရုပ်မြင်သံကြားဌာန Chinese Television System (CTS) ရဲ့ ဗုဒ္ဓဟူးနေ့ မနက်ခင်း ထုတ်လွှင့် ချက်မှာ တရုတ်ဟာ တိုင်ပေမြို့တော်ကို ပဲ့ထိန်းဒုံးတွေပစ်လွှတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေလည်း ပါရှိပါတယ်။ “တိုင်ပေမြို့တော်သည်…

အမေရိကန်လေယာဉ်တင်သင်္ဘောလာရောက်ချိန်မှာ ဂျပန် ကူညီမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကတိပြု

တိုကျို- ဧပြီ(၂၅) အာရှရေပိုင်နက်မှာ ဒေသတွင်းလုံခြုံရေးကို ထိန်းသိမ်းဖို့ ကင်းလှည့်နေတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘော ကိုဂျပန်နိုင်ငံအနေနဲ့ အကူအညီပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့နိုင်ငံရဲ့စစ်တပ် ကိုအားကောင်းစေရမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။ ဂျပန်အနေနဲ့ သူတို့နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို သိသိသာသာ အားကောင်းစေမှာဖြစ်ပြီး အမေရိကန်နဲ့ နီးကပ်စွာ လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ “ဒီနေ့တော့ အမျိုးသားလုံခြုံရေးရဲ့ ရှေ့တန်းကို ပထမဆုံးလက်တွေ့ခံစားနိုင်ခဲ့ပါတယ်” လို့ တိုကျိုမြို့တောင်ဘက်…

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် သွားလာတဲ့ မော်တော်ယာဉ်တွေကို မပစ်ခတ်ဖို့ KNLA ဗဟိုညွှန်ကြား

မြဝတီ-ဧပြီ (၂၄) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဉီးစီးဌာနချုပ်က မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် သွားလာတဲ့ မော်တော်ယာဉ်တွေကို အကြောင်းမဲ့ မပစ်ခတ်ဖို့ ညွှန်ကြား လိုက်ပါတယ်။ ဧပြီလ (၂၃) ရက်နေ့စွဲနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ဒီညွှန်ကြားစာမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပေါ်မှာ သွားလာပြေးဆွဲနေတဲ့ ခရီးသည် တင်မော်တော်ယာဉ်တွေ အရပ်သားကားတွေကုန်…

Google ၊ Meta နှင့် အခြားသော အကြီးစားအွန်လိုင်းကုမ္ပဏီများအတွက် ဒစ်ဂျစ်တယ်ဝ န်ဆောင်မှုများဆိုင်ရာ အက်ဥပဒေ (Digital Service Act – DSA) ကို EU မှ ပြဌာန်းခဲ့

စင်ကာပူ ၊ ဧပြီ (၂၄) ဥ‌ရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥပ‌ဒေပြဌာန်းသူများအကြား သဘောတူခဲ့သော အင်တာနက် ဥပဒေ အသစ်အောက်မှာ Google၊ Meta နှင့် အခြားသော အွန်လိုင်း ပလက်ဖောင်း/ကုမ္ပဏီ ကြီးတွေက တရားမဝင် အကြောင်းအရာတွေအတွက် ဖြေရှင်းဖို့ ဒါမှမဟုတ် ဒဏ်ငွေပေးဆောင်ဖို့ စသည့်အခြေအနေများကို ကြုံတွေ့ ရ မှာ ဖြစ်ပါတယ်။ ၁၆ နာရီထက် ပိုမိုကြာမြင့်သော…