April 2022

စစ်တပ် အာဏာသိမ်းပြီးနောက် အကြမ်းဖက် ပဋိပက္ခတွေကြောင့် မသန်စွမ်း အရေအတွက် ပိုတိုးလာ

မော်လမြိုင် ၊ ဧပြီ (၇) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် မသန်စွမ်း အရေအတွက် ပိုတိုးလာတယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ မသန်စွမ်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာတော့ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်လို့ ပစ်ခတ်ခံရတာ၊ နွေဦးတော်လှန်ရေး တိုက်ပွဲမှာ ပါဝင် တိုက်ခိုက်ရင် လက်နက်ထိမှန်တာ၊ စစ်ရှောင်ရင်း လက်နက်ထိမှန်တာကြောင့်…

ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ မှတ်ပုံတင် မပါရင် တည်းခိုခွင့် မပြုဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင် ၊ ဧပြီ (၇) ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ မှတ်ပုံတင် မပါရင် တည်းခိုခွင့် မပြုဖို့ စစ်ကောင်စီက ညွှန်ကြားလာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင် အစား ‌ထောက်ခံစာတွေပြသပြီး ခရီးသွားလာတာနဲ့ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာ ဖြစ်ပြီး အခုအခါမှာတော့ ဟိုတယ်နဲ့…

တပ်မတော်အတွက်အသက်စွန့်လွှတ်နေရတဲ့အပေါ်ဂုဏ်ယူဖို့ ဒုကာချုပ်စိုးဝင်ပြောဆို

မော်လမြိုင်- ဧပြီ(၆) နိုင်ငံတော်နဲ့တပ်မတော်အတွက် အသက်စွန့်လွှတ်နေရတဲ့အပေါ်ဂုဏ်ယူဖို့နဲ့ စားဝတ်နေရေးအတွက်တပ်မတော်ကထောက်ပံ့နေတာဖြစ်တဲ့အတွက် သစ္စာရှိရမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဗထူးတပ်မြို့ တိုက်ခိုက်ရေးကျောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိသင်တန်းသားတွေနဲ့ တွေ့ဆုံ ချိန်မှာ အခုလိုပြောခဲ့တာပါ။ “နိုင်ငံတော်နှင့် တပ်မတော်၏ သစ္စာကို စောင့်သိရန်နှင့် အသက်ခန္ဓာကို စွန့်လွှတ်ရန် သစ္စာဆိုထား သူများ ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဦးလည်မသုန် ထမ်းရွက်နေမှုအပေါ် ဂုဏ်ယူနေ ရန်လို တယ်” လို့ ဒုကာချုပ်စိုးဝင်းက…

ဟောင်ကောင်အုပ်ချုပ်ရေးအကြီးအကဲ ဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဥ်ပြိုင်မှာမဟုတ် လို့ထုတ်ဖော်ကြေငြာ

ဘန်ကောက် ၊ ဧပြီ (၆) ဟောင်ကောင်အုပ်ချုပ်ရေး အကြီးအကဲကယ်ရီလမ်သည် ဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဥ်ပြိုင် တော့မည်မဟုတ်ကြောင်း ဧပြီလ ၄ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ “အုပ်ချုပ်ရေးအကြီးအကဲအဖြစ် ကျွန်မရဲ့ ၅ နှစ်ကြာ သက်တမ်းက ဒီနှစ် ဇွန်လ ၃၀ ဆို ပြည့်ပါပြီး၊ နောက်ပြီး ပြည်သူ့ဝန်ဆောင်မှုကို ထမ်းဆောင်ခဲ့တဲ့ ကျွန်မရဲ့ ၄၃ နှစ်ကျော်သက်တမ်းကို အဆုံးသတ်ဖို့လည်း…

ယူကရိန်းမှာပိတ်မိခဲ့တဲ့ တရုတ်နိုင်ငံသားတွေရဲ့ကုန်ကျစရိတ်ကြီးမားတဲ့ အိမ်ပြန်ခရီး

ဘန်ကောက်- ဧပြီ(၆) ရုရှားက ယူကရိန်းကိုကျူးကျော်ပြီးနောက် နိုင်ငံတွင်းပိတ်မိနေတဲ့ တရုတ်နိုင်ငံသား(၅)ထောင်ကျော်ကို ဘေးကင်းအောင်ဆောင်ရွက်ပေးပြီး နိုင်ငံမှာပြန်လက်ခံခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အစိုးရက အဲ့ဒီလုပ်ဆောင်ချက်ကို အထူးအောင်မြင်မှု အဖြစ်ဖော်ပြနေပေမယ့် ပြည်တော်ပြန်လာသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ရင်ဆိုင်နေရင်တယ်လို့ သိရပါတယ်။ တရုတ်အစိုးရဟာ ပြည်တော်ပြန်လာသူတွေတွေကို ရိုမေနီးယားနဲ့ပိုလန်ကတဆင့် တရုတ်နိုင်ငံရဲ့ မြို့တော်တွေကိုစင်းလုံးဌားလေကြောင်းခရီးစဉ်နဲ့ပြန်ခေါ်လာတာဖြစ်ပြီး ခရီးစဉ်အတွက် ယွမ် (၁၈၀၀) ဒေါ်လာ(၂၈၃၀) ကောက်ခံခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံပြန်ရောက်ချိန်မှာလည်း အစိုးရသတ်မှတ်ထားတဲ့…

တိုက်ခိုက်မှုတွေလုပ်လာရင် နျူလက်နက်နဲ့ပြန်တိုက်သွားမယ်လို့ မြောက်ကိုရီးယားခြိမ်းခြောက်

ဘန်ကောက်- ဧပြီ(၆) တောင်ကိုရီးယားက စစ်ရေးအရထိပ်တိုက်တွေ့ဖို့ရွေးချယ်ရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားတပ်ဖွဲ့ တွေအနေနဲ့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ကင်ဂျုံအန်းရဲ့အစ်မက ပြောပါတယ်။ တောင်ကိုရီးယားရဲ့ မြောက်ကိရီးယားကို တိုက်ခိုက် တာတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တာကြောင့် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးအတွက် ကြီးမားတဲ့ အမှားဖြစ်တယ်လို့လည်း အာဏာရပါတီအကြီးတန်းအရာရှိ မစ္စကင်ယိုဂျုံကပြောကြားခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခုချိန်မှာတော့ တောင်ကိုးရီးယားမှာ မြောက်ကိုးရီးယားရဲ့ ဘယ်လိုပစ်မှတ်ကိုမဆို တိကျမြန်ဆန်စွာ ထိထိရောက်ရောက် ပစ်ခတ်နိုင်တဲ့…

စစ်ကောင်စီက နိုင်ငံခြားငွေစီးဆင်းမှုတွေကိုထိန်းချုပ်ဖို့ ဒေါ်လာကို တစ်ရက်အတွင်းလဲလှယ်ရမယ်လို့ ထုတ်ပြန်

ဘန်ကောက်- ဧပြီ(၅) မြန်မာနိုင်ငံမှာ ပြည်တွင်းငွေကြေးလဲလှယ်တာကို တစ်ရက်အတွင်းဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်က ပြောခဲ့ပြီး စစ်ကောင်စီက နိုင်ငံခြားငွေစီးဆင်းမှုတွေကို ပိုပြီးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။ ဗဟိုဘဏ်က မူဝါဒအသစ်တွေကို သီးခြားကင်းလွတ်ခွင့်ပြဌာန်းပြီး နိုင်ငံခြားက လွှဲပြောင်းလာတဲ့ ငွေကြေးတွေကို လိုင်စင်ရနိုင်ငံခြားငေံကြေးလဲလှယ်ကုန်သွယ်ရေးဘဏ်တွေကနေ လွှဲပြောင်းပေး ဖို့ပြောကြားခဲ့တာပါ။ စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ ဥပဒေကိုလိုက်နာတာမရှိရင် နိုင်ငံခြားငွေကြေးလဲလှယ်ရေးစီမံခန့်ခွဲမှုဥပဒေအရ အ‌ရေးယူ‌ဆောင်ရွက်မှုတွေကို ရင်ဆိုင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ မတ်လကလည်း အာဏာပိုင်တွေက ဒေါ်လာကိုမှီခိုမှုလျှော့ချဖို့နဲံ…

အွန်လိုင်းကနေတရားမဝင်ရောင်းဝယ်တာတွေကြောင့် သားရဲမျိုးစိပ်တွေ မျိုးတုံးပျောက်ကွယ်နိုင်တယ် လို့ WWF ထုတ်ပြန်

ဘန်ကောက်- ဧပြီ(၅) မြန်မာနိုင်ငံမှ သားရဲတိရိစ္ဆာန်တွေကို အွန်လိုင်းကနေတရားမဝင်ရောင်းဝယ်မှုတွေမြင့်တက်နေတဲ့အတွက် သားရဲမျိုးစိတ်တွေ မျိုးတုံးပျောက်ကွယ်သွားနိုင်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ သားရဲတိရိစ္ဆာန်ရန်ပုံငွေ(World Wild Fund) ရဲ့အစီရင်ခံစာတွေအရသိရပါတယ်။ အဒီအစီရင်ခံစာမှာ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ဆက်တွဲအဖြစ်နိုင်ငံရေးမငြိမ်သက်မှုအခြေအ ခြေအနေတွေကြောင့် တိရိစ္ဆာန်လွှဲပြောင်းရောင်းချတာတွေကို ဖိအားပေးတားဆီးတာအားနည်းတဲ့ အတွက် အခုလိုအခြေအနေဖြစ်နေတာလို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အစီရင်ခံစာရဲ့ဖော်ပြချက်မှာတော့ ရောင်းဝယ်မှုတွေဟာ (၇၄)ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး မျိုးစိပ် (၁၇၃) မျိုးကိုရောင်းဝယ်ခဲ့ကြပြီး အဲ့ဒီထဲက (၅၄) မျိုးစိပ်ဟာ…

ယူကရိန်းနိုင်ငံ ဘူချာမြို့မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ရုရှားကို အပြစ်တင်ဖို့ အမေရိကန်ကြံစည် တာလို့ရုရှားစွပ်စွဲ

ဘန်ကောက်-ဧပြီ(၅) ယူကရိန်းနိုင်ငံ ဘူချာ မြို့မှာ သေဆုံးနေတဲ့ အရပ်သားတွေရဲ့ ဗီဒီယိုဖိုင်တွေရိုက်ကူးခဲ့တာဟာ ရုရှားနိုင်ငံကို အပြစ်ပုံချဖို့အတွက် အမေရိကန်က အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကုန်နဲ့ နေတိုးတို့က ပြဿနာကို ဦးဆောင်မီးမွှေးနေတာဖြစ်ပြီး သေဆုံးသွားတဲ့ အရပ်သားတွေ ရဲ့ ရုပ်ပံတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက အရေးတစိုက်ထုတ်ဖော်နေတဲ့ဇာတ်လမ်းတွေဟာ ရုရှားရဲ့ ဂုဏ်သိက္ခာကိုရှုတ်ချဖို့အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ…