April 2022

လူ့အခွင့်အရေးကောင်စီက ဆိုင်းငံ့ဖို့ မဲပေးတဲ့နေရာမှာ ထောက်ခံမဲနဲ့ ကြားနေမဲ ပေးရင် ဆိုးရွားတဲ့ အကျိုးဆက်တွေရှိလာနိုင်တယ်လို့ ရုရှားခြိမ်းခြောက်

ဘန်ကောက်_ ဧပြီ(၈) နယူးယောက်မြို့မှာ ကျင်းကမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရုရှားကို လူ့အခွင့်အရေးကောင်စီက ဆိုင်းငံ့ထားဖို့ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပြီး အမေရိကန်နိုင်ငံက တွန်းအားပေးလို့ ထောက်ခံမဲ ဒါမှမဟုတ် ကြား နေမဲ ပေးခဲ့ရင် နိုင်ငံချင်း ဆိုးဝါးတဲ့ အကျိုးဆက်တွေအဖြစ် ရှုမြင်မှာဖြစ်တယ်လို့ ရုရှား နိုင်ငံကသတိပေးခဲ့ ပါတယ်။ ဘူချာမြို့မှာ အရပ်သားရာနဲ့ချီ သတ်ဖြတ်ခံလိုက်ရတယ်လို့ ယူကရိန်းနိုင်ငံက စွပ်စွဲပြီး ချိန်မှာတော့…

ရုရှားကို နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရပ်ဆိုင်း

ဘန်ကောက်- ဧပြီ(၈) ယူကရိန်းကိုကျူးကျော်ပြီးနောက် ရုရှားဘောလုံးအသင်းတွေ ကို နိုင်ငံတကာ ပြိုင်ပွဲတွေကနေ ရပ်ဆိုင်း ထားဖို့ ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ်(FIFA)နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) တို့က ဆုံးဖြတ်လိုက်ပါတယ်။ ရုရှားဘောလုံးအဖွဲ့ချုပ်(FUR) ဟာ (FIFA) နဲ့ ပိုလန်၊ဆွီဒင်နဲ့ ချက်ဘောလုံးအဖွဲ့ချုပ်တွေကို အယူခံဝင် ခဲ့ပေမယ့် အားကစားဆိုင်ရာ သမာဓိခုံရုံး(CAS) က ရုပ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ ဉရောပဘောလုံးအဖွဲ့ချုပ်တို့ကတော့ ရုရှား နိုင်ငံကိုယ်စားပြုကလပ်အသင်း…

အာရှလမ်းမကြီး အသုံးပြုခွင့် ရပ်ဆိုင်းထားတဲ့ ကိစ္စရပ်ကို မဖြစ်မနေ ပူးပေါင်းပါဝင် လိုက်နာပေးဖို့ KNU က ထပ်မံ တိုက်တွန်း

မော်လမြိုင် ၊ ဧပြီ (၆) ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ သွားလာနေတဲ့ ပြည်သူလူထုတွေအနေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားတဲ့ကြေညာချက်ကို မဖြစ်မနေ လိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ ကေအဲန်ယူပြောခွင့်ရ ပဒိုစောတောနီးက ထပ်မံတိုက် တွန်း လိုက်ပါတယ်။ KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲကို စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ကော့ကရိတ်-မြဝတီ…

ကယားက စစ်ရှောင်ကလေး အယောက် ၅၀၀ နီးပါး အိုမီခရွန် ကူးစက်ခံနေရ

မော်လမြိုင် ၊ ဧပြီ (၆) ကယားပြည်နယ်၊ ဒီမော်ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းမှာ စစ်ရှောင်ကလေး အယောက် ၅၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်မျိုးကွဲပိုး အိုမီခရွန်ကူးစက်ခံနေရတယ်လို့ စစ်ရှောင်အရေးကူညီနေ သူတွေက ပြောပါတယ်။ စစ်ရှောင်ကလေးငယ်တွေမှာ အိုမီခရွန် ကူးစက်ခံနေရပေမယ့် စောင့်ကြည့်ကုသပေးဖို့ နေရာမရှိတာကြောင့် တစ်ယောက်ပြီး တစ်ယောက် ကူးစက်ခံနေရတာ ဖြစ်ပါတယ်။ ဒ့ါအပြင် ကယားပြည်နယ်ကို စစ်ကောင်စီဘက်က ဆေးဝါး…

သထုံအကျဉ်းထောင်ထဲက ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံနေရ

မော်လမြိုင် ၊ ဧပြီ (၆) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဈေးမသွယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ အချုပ်သားတွေကို ထောင်အာဏာပိုင်တွေက ညှဉ်းပန်းနှိပ်စက်တာတွေ ရှိနေတယ်လို့ ဖမ်းဆီးခံ မိသားစုဝင်တွေက ပြောပါတယ်။ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားနဲ့ အချုပ်သားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ညှင်းပန်းနှိပ်စက်တာ၊ အလုပ်ကြမ်း ခိုင်းစေတာနဲ့ ခြိမ်းခြောက်ပြောဆိုတာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထောင်ဝင်စာလာတွေ့တဲ့…

အင်ဒိုဘာသာရေးဆရာတစ်ယောက် ကျောင်းသူတွေကို အဓမ္မပြုကျင့်လို့ သေဒဏ်ချခံရ

ဘန်ကောက်- ဧပြီ(၇) အင်ဒိုနီးရှားကဘာသာရေးဆရာတစ်ယောက်က ကျောင်းသူ(၁၃) ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့က သေဒဏ်ချမှတ်ခံလိုက်ရပါတယ်။ ဟယ်ရီဝီရဝမ်လို့ အမည်ရတဲ့ အသက်(၃၆) နှစ်အရွယ်ကျောင်းဆရာဟာ ဘာသာရေးကျောင်းဖြစ်တဲ့ အစ္စလာမ့်ဘော်ဒါကျောင်းမှာ ကျောင်းသူတွေကို အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အစိုးရရှေ့နေတွေကတော့ သူ့ကို ဓာတုဆေးဝါးနဲ့ ကွပ်မျက်ဖို့ တောင်ဆိုအယူခံဝင်ထားတာ ရှိတယ်လို့ သိရပါတယ်။ “တရားလိုရှေ့နေတွေရဲ့ လျှောက်လဲချက်ကို ကျွန်ုပ်တို့ လက်သင့်ခံပါသည်၊ တရားခံကို…

ကိုကင်း လက်ဝယ်တွေ့တဲ့ အစ္စရေးအမျိုးသမီးကို UAEတရားရုံးသေဒဏ်ချ

ဘန်ကောက်- ဧပြီ(၇) ကိုကင်း ၅၀၀ ဂရမ် လက်ဝယ်ပိုင်ဆိုင်တယ်လို့ စစ်ဆေးပေါ်ပေါက်ပြီးနောက် အာရပ်စော်ဘွားများ ပြည်‌ထောင်စု ရုံးတော်တစ်ခုက အစ္စရေးအမျိုးသမီးတစ်ယောက်ကို သေဒဏ်ချမှတ်လိုက်ပါတယ်။ အစ္စရေးမီဒီယာတွေက အစီရင်ခံထားသော ကီဝန် အမည်ရအမျိုးသမီးဟာအစ္စရေးမြောက်ဘက်ရှိ ဟိုင်ဖာမြို့မှာဓါတ်ပုံစတူဒီယိုတစ်ခု ပိုင်ဆိုင်ပြီး လွန်ခဲ့သောနှစ်အတွင်းက ဒူဘိုင်းမှာ အလုပ်လုပ်ဖို့ ရောက်လာခဲ့တာပါ။ “ထိုအမှုဖြစ်စဥ်ဟာ လူသိများပြီး ကျွန်ုပ်တို့ ကောင်စစ်ဝန်နဲ့စော်ဘွားဒေသမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ကိုယ်စား လှယ်‌တွေကတဆင့် အဲ့ဒီကိစ္စကို…

သုံးပွင့်ဆိုင်ချစ်တင်းနှောခွင့် မရတဲ့ အမျိုးသမီးက ဇနီးမောင်နှံနှစ်ယောက်ကို အိမ်ပေါ်တက်ဓားနဲ့ခုတ်

ဘန်ကောက် ၊ ဧပြီ ၇ ထိုင်းနိုင်ငံ အလယ်ပိုင်း ဘက်ချာဘွန်းပြည်နယ် ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်က သုံးပွင့်ဆိုင် ချစ်တင်းနှောခွင့် မရလို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်ပေါ်တက် ဓားနဲ့ခုတ်ခဲ့တဲ့ သတင်းဟာ ထိုင်းလူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ရေပန်းအစားဆုံးသတင်းတစ်ခုဖြစ်နေပါတယ်။ ဓားနဲ့ခုတ်တဲ့ အမျိုးသမီးဟာ အသက်( ၄၀ )အရွယ် အမ်း လို့အမည်ရသူဖြစ်ပြီး သူမဟာ အဆိုပါဇနီးမောင်နှံမှ ခင်ပွန်းဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ်…