ဝါရှင်တန် – ဧပြီ(၂၈) 

တရုတ်နိုင်ငံ၏ ဩဇာကြီးမာကျယ်ပြန့်လာတာနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ အမျိုးသားလုံခြုဲံရေး မဟာဗျူဟာကို လာမယ့်သီးတင်းပတ်တွေအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် မိန့်ခွန်းပြောကြားဖို့ရှိတယ်လို့ သိရပါတယ်။

“မဟာဗျူဟာနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလတ်တချို့ကို မကြာခင်မှာ လူသိရှင်ကြား ပြောဖို့ အခွင့်အရေးရမယ်ထင်ပါတယ်”လို့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီကြားနာပွဲမှာ ဘလင်ကန်က ပြောကြားခဲ့တာပါ။ 

ဘိုင်ဒင်အစိုးရရဲ့ သက်တမ်းတစ်နှစ်ေကျာ်အကြာထိ တရုတ်နိုင်ငံနဲ့ ဆက်ဆံဖို့ အဓိကမဟာဗျူဟာကင်းမဲ့ နေတယ်လို့ ရီပတ်ဘလစ်ကန်တွေနဲ့ တခြားသူတွေရဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ 

ဒေသတွင်းဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ တရုတ်ကို တုံ့ပြန်ဖို့ ဒေသတွင်း သံတမန်ရေးနဲ့ လုံခြုံရေး အရင်းအမြစ်တွေကို ပိုမို ကတိကဝတ်ပြုမယ့် အင်ဒို-ပစိဖိတ်ဒေသအတွက် မဟာဗျူဟာ တစ်ရပ်ကို ဖေဖော်ဝါရီလက ထုတ်ပြန်ထားပါတယ်။ 

ကော်မတီကြားနာမှုပွဲမှာ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် မစ်တ်ရွန်မ်နေ က ကာကွယ်ရေး ခွင့်ပြုချက် နောက်ဆုံးအက်ဥပဒေဟာ သမ္မတကို ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်အတွက် တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖို့ ကျယ်ပြန့်တဲ့ မဟာဗျူဟာ တစ်ခုဖန်တီးဖို့ လိုအပ်ကြောင်းနဲ့ ဆော်လမွန် ကျွန်းစုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက မကြာသေးခင်က လက်မှတ်ရေးထိုးထားတဲ့ စစ်ရေးဆိုင်ရာသဘောတူညီ ချက်နဲ့ပတ်သက်ပြီးလည်း ဘလင်ကန်ကိုမေးခွန်းထုတ်ခဲ့ပါတယ်။ 

“အမေရိကယ်ကိုယ်စားလှယ်အဖွဲ့ဟာ ကျွန်းစုဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပြီး ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကို ကျွန်တော်တို့ ပြောဆိုခဲ့ပါတယ်။ ရှေ့လာမယ့် ရက်သတ္တပတ်နဲ့ လတွေအတွင်းမှာ ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်သွားမှာပါ” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောခဲ့ပါတယ်။ 

 နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဆော်လမွန်ကျွန်းစုတွေကို သံရုံးအထူးကိုယ်စားလှယ်တစ်ဖွဲ့ စေလွှတ်ပြီး အဲ့ဒီနေရာမှာ ချက်ချင်း သံရုံးဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ သူကထပ်မံပြောဆိုခဲ့ပါတယ်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ လာမယ့် မေလ(၁၂)နဲ့(၁၃) ရက်နေ့ ဝါရှင်တန်မှာ ကျင်းပမယ့် ထိပ်သီး အစည်းအဝေးမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်တွေကို အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံမှာဖြစ်ပြီး ဒီလနှောင်းပိုင်းတွေမှာ တောင်ကိုရီးယားနဲ့ဂျပန်အပါအဝင် အာရှနိုင်ငံတွေကို သွား ရောက်လည်ပတ်ဖို့မျှော်လင့်ထားတယ်လို့သိရပါတယ်။ 

လက်ရှိအချိန်မှာ အစိုးရအနေနဲ့ တရုတ်အတွက် သီးခြားဗျူဟာ တစ်ခု လုပ်ဆောင်နေတာဖြစ်ပြီး ရုရှားရဲ့ ယူကရိန်းကိုကျူးကျော်မှုတွေကြောင့် သိသိသာသာ အနှောက်အယှက်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.