ဂျာကာတာ ၊ ဧပြီ (၂၆)

အင်ဒိုနီးရှားနိုင်ငံရဲ့ ကျော်ကြားသော ကရာကာတိုအာ မီးတောင်ရဲ့ ကလေးလို့ ခေါ်ဆိုကြတဲ့ အာနက်ခ် ကရာကာတိုအာ မီးတောင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာ တိမ်တိုက်တစ်ခုဖြစ်ပေါ်ကာ ကောင်းကင်ယံသို့ မီတာ ၃၀၀၀ ခန့် လွင့်စင်ခဲ့ပါတယ်။

ကရာကာတိုအာ မီးတောင်ငယ် ပေါက်ကွဲမှုကြောင့် ဂျာဗား နှင့် ဆူမားတြားကျွန်းတွေကို ပိုင်းခြားထားသည့် ရေလက်ကြားတစ်လျှောက်မှာ  ပြာများထူထပ်ခဲ့လို့ အာဏာပိုင်တွေက အနီးနားရှိနေထိုင်သူတွေကို မျက်နှာဖုံးများ ဝတ်ဆင်ဖို့ သတိပေးခဲ့ပါတယ်။

အာနက်ခ် ကရာကာတိုအာ မီးတောင်ဟာ မကြာသေးမီ ရက်သတ္တပတ်များအတွင်း အနည်းဆုံး အကြိမ်ရေ ၂၁ ကြိမ် ပေါက်ကွဲခဲ့ပေမယ့် တနင်္ဂနွေနေ့ ပေါက်ကွဲမှုက အကြီးမားဆုံးဖြစ်ခဲ့ပါတယ်။

အင်ဒိုနီးရှားရဲ့ အဆင့်(၄) မီးတောင်သတိပေးချက်စနစ် အဆင့် ၂ မှာ ရှိနေတဲ့ ၎င်းမီးတောင်ပတ်လည် နှစ်ကီလိုမီတာအကွာ ကန့်သတ်ဇုန်အပြင်ဘက်မှာ ရှောင်ဖယ်နေကြဖို့ အာဏာပိုင်များက တားမြစ်ထုတ်ပြန်ထာပါတယ်?

“ခရီးသွားတွေ အပါအဝင် အနီးနားရှိလူတွေကို ဘူမိဗေဒ အေဂျင်စီရဲ့ အကြံပြုချက်ကို လိုက်နာသင့်ပြီး ဘယ်သူကိုမှ မီးတောင်ဝကနေ နှစ်ကီလိုမီတာအကွာအဝေးအတွင်း မနေကြဖို့ တားမြစ်ထားပါတယ်” လို့ ဆိုပါတယ်။

၁၈၈၃ ခုနှစ် ကရာကာတိုအာ မီးတောင်ကြီး ပေါက်ကွဲမှုအပြီး ဖြစ်ပေါ်လာသည့် ၎င်းမီးတောင်ငယ်ဟာ  ပြီးခဲ့သော ရာစုနှစ်အစတွင် ပင်လယ်မှ ထွက်ပေါ်လာသည့် အချိန်မှစ၍ ကြိုးကြားကြိုးကြား သက်ဝင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကရာကာတိုအာ မီးတောင်ကြီးရဲ့ သဘာဝဘေးအန္တရာယ်ကြောင့် သမိုင်းတစ်လျှောက် မှာ လူပေါင်း ၃၅၀၀၀ ခန့် သေဆုံးခဲ့ပြီး အဆိုးရွားဆုံးနှင့် အပျက်အစီးအများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

အာနက်ခ် ကရာကာတိုအာ သည် 2018 ခုနှစ်တွင် နောက်ဆုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆူနာမီဖြစ်ပေါ်ကာ လူပေါင်း ၄၂၉ ဦး သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

အင်ဒိုနီးရှား နိုင်ငံဟာ  မီးတောင်နှင့် ငလျင်လှုပ်ခတ်မှု မြင့်မားသော ပစိဖိတ်မီးကွင်းပေါ်မှာ တည်ရှိနေပြီး သက်ဝင် လှုပ်ရှားနေသော မီးတောင်ပေါင်း ၁၃၀ နီးပါးရှိပါ ရှိနေပါတယ်။

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.