မော်လမြိုင် ၊ ဧပြီ (၂၆)

အပစ်ရပ် စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး မွန်အမျိုးသားကွန်ဖရန့် ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အဲဒီမွန်အမျိုးသားကွန်ဖရန့်ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသဖြစ်တဲ့ မွန်အမျိုးသားပညာရေးဗဟိုဌာနမှာ လာမယ့် မေ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတာပါ။

အဲဒီကွန်ဖရန့်မှာတော့ အမျိုးသားစည်းလုံး‌ရေးကို ဖော်ဆောင်ဖို့၊ဖက်ဒရယ်ပြည်ထောင်စုရဲ့အခြေခံမူကို ရေးဆွဲနိုင်ဖို့အပါအဝင် အဲဒီမူနဲ့ ကိုက်ညီတဲ့ မွန်ပြည်အုပ်ချုပ်ရေးကို ဖော်ဆောင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ပြင်ဆင်ထားပါတယ်။



ဒါ့အပြင် အမျိုးသားရေးနဲ့အခြား‌သောကိစ္စရပ်တွေမှာ သက်ဆိုင်တဲ့မူဝါဒတွေကို ဆွေးနွေးသွားဖို့ ရည်ရွယ်ထားပါတယ်။

မွန်အမျိုးသား ကွန်ဖရန့် ကျင်းပမယ့်ကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီက ဗဟိုအလုပ်ဆောင် အဖွဲ့ဝင် နိုင်အောင်မငေးကို သံလွင်တိုင်းမ်က ‌မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အင်တာဗျုးလက်ခံဖြေဆိုတာ မရှိပါဘူး။

မွန်အမျိုးသားကွန်ဖရန့်ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဩဂုတ် ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.