တိုင်ပေ – ဧပြီ(၂၆)

ဒေတာကူးပြောင်းရေး ကိရိယာနဲ့ ချိတ်ဆက်ပစ္စည်းတွေကို အထိက ထုတ်လုပ်တဲ့ ခူယှန်ရှိ Foxconn interconnect Technology ရဲ့ လုပ်ငန်းတွေကို အာဏာပိုင်တွေက ပြန်လည်ခွင့်ပြုတဲ့အချိန်ထိ ပိတ်ထားရမှာဖြစ်တယ်လို့သိရပါတယ်။

ကိုဗစ်-(19) ထိန်းချုပ်မှုူတွေကြောင့် ထိုင်ဝမ်အခြေစိုက် Apple ရဲ့ထောက်ပံ့ရေးကုမ္ပဏီဖြစ်တ့ Foxconn ရဲ့ လုပ်ငန်းတွေတွေရပ်ဆိုင်းထားပြီး ထုတ်လုပ်ရေးကို တခြားနေရာတွေကိုပြောင်းရွှေ့ထားတဲ့အတွက် ထိခိုက်မှု အနည်းငယ်သာရှိမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

“မကြာသေးမီကာလအတွင်း ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အရန်စက်ရုံများထားရှိထားကာ စက်ရုံ၏ အဓိက ထွက်ကုန်များသည် ပြည်ပပို့ဆောင်ရေး ဂိုဒေါင်များတွင် ရောက်ရှိပြီးသားဖြစ်တာ ကြောင့် ကုန်စည်သိုလှောင်မှုအတိုင်းအတာသည် လုံလောက်မှုရှိပြီး လုပ်ငန်းအပေါ် ထိခိုက်မှု အနည်းငယ်သာ ရှိမည်” လို့ Foxconn က ထုတ်ပြန်ချက်ထုတ်ထားပါတယ်။

အဲ့ဒီအခြေအနေကိုကြုံတွေ့နေရတဲ့ သတင်းရင်းမြစ်တခုကတော့ အဲ့ဒီစက်ရုံဟာ Apple ထွက်ကုန်တွေကို အဓိကထောက်ပံ့ရေးတစ်ခုတည်း လုပ်နေတာမဟုတ်ပဲ တခြားသော စက်ရုံတွေကို ရွှေ့ပြောင်းဖို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ်ကတရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်တည်း က အိမ်နီးချင်း ထိုင်ဝမ်မှာ ရောဂါတားမြစ်ဖို့ စည်းကမ်းချက်တွေကို တင်းကြပ်ထားခဲ့တဲ့အခြေအနေကြောင့် လျှပ်ကူးနဲ့ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ ဒါဇင်နဲ့ချီတဲ့ ထိုင်ဝမ်အပိုင်လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာဖြစ်တယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.