Radio Than Lwin Times(Episode 21/4)
Sound Cloud Link
Sound Cloud Link
မော်လမြိုင်၊ဧပြီ ၂၆ DKBA တပ်မှူး ဗိုလ်မှူးစောစလုံးနဲ့ တပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO က ဗိုလ်မှူးချုပ်စောနယ်ဒါးမြထံ လာရောက်ပူးပေါင်း ဆောင်ရွက်လိုက်တယ်လို့ နှစ်ဖက်ခေါင်းဆောင်တွေက အတည်ပြုပါတယ်။ အခုလိုပူးပေါင်းလိုက်ရတာဟာ ပြည်သူနဲ့အတူရပ်တည်ပြီး တိုက်ပွဲဝင် ကူညီပေးချင်တာ ဖြစ်တယ်လို့ ဗိုလ်မှူးစောစလုံးက ဆိုပါတယ်။ ဒီကနေ့ KNDO နဲ့ နီးစပ်တဲ့သူတွေထံကနေ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တစ်ခုမှာ KNDO…
နေပြည်တော် – ဧပြီ(၂၆) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အဂတိအမှုကို မနက်ဖြန် နေပြည်တော်အထူးတရားရုံးမှာ အပြီးသတ် အမိန့်ချဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အခေါက်ရွှေ (၇) ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်း ယူတယ်ဆိုတဲ့ စွပ်စွဲချက်အမှုကို ဒီကနေ့ အပြီးသတ်အမိန့်ချဖို့ ပြီးခဲ့တဲ့ ရုံးချိန်းက တည်းက…
ဂျာကာတာ ၊ ဧပြီ (၂၆) အင်ဒိုနီးရှားနိုင်ငံရဲ့ ကျော်ကြားသော ကရာကာတိုအာ မီးတောင်ရဲ့ ကလေးလို့ ခေါ်ဆိုကြတဲ့ အာနက်ခ် ကရာကာတိုအာ မီးတောင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာ တိမ်တိုက်တစ်ခုဖြစ်ပေါ်ကာ ကောင်းကင်ယံသို့ မီတာ ၃၀၀၀ ခန့် လွင့်စင်ခဲ့ပါတယ်။ ကရာကာတိုအာ မီးတောင်ငယ် ပေါက်ကွဲမှုကြောင့် ဂျာဗား နှင့် ဆူမားတြားကျွန်းတွေကို ပိုင်းခြားထားသည့်…
တိုင်ပေ – ဧပြီ(၂၆) ဒေတာကူးပြောင်းရေး ကိရိယာနဲ့ ချိတ်ဆက်ပစ္စည်းတွေကို အထိက ထုတ်လုပ်တဲ့ ခူယှန်ရှိ Foxconn interconnect Technology ရဲ့ လုပ်ငန်းတွေကို အာဏာပိုင်တွေက ပြန်လည်ခွင့်ပြုတဲ့အချိန်ထိ ပိတ်ထားရမှာဖြစ်တယ်လို့သိရပါတယ်။ ကိုဗစ်-(19) ထိန်းချုပ်မှုူတွေကြောင့် ထိုင်ဝမ်အခြေစိုက် Apple ရဲ့ထောက်ပံ့ရေးကုမ္ပဏီဖြစ်တ့ Foxconn ရဲ့ လုပ်ငန်းတွေတွေရပ်ဆိုင်းထားပြီး ထုတ်လုပ်ရေးကို တခြားနေရာတွေကိုပြောင်းရွှေ့ထားတဲ့အတွက် ထိခိုက်မှု အနည်းငယ်သာရှိမယ်လို့ ကုမ္ပဏီက…
ဂျာကာတာ- ဧပြီ(၂၆) အင်ဒိုနီးရှားနိုင်ငံပြည်တွင်းစျေးကွက်အတွင်းစားသုံးဆီထုတ်လုပ်မှုဆိုင်ရာ ထောက်ပံ့မှုနဲ့ တက်နိုင်စွမ်းတို့ကို သေချာစေဖို့အတွက် ပြည်ပနိုင်ငံတွေကို ဆီအုန်းတင်ပို့မှုတွေကို ယာယီရပ်ဆိုင်းမယ့်အစီအစဉ်တစ်ရပ်ချမှတ် ခဲ့တာကို အင်ဒိုနီးရှား ဆီအုန်းထုတ်လုပ်သူများအသင်းက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့အကြီးဆုံးဆီအုန်းထုတ်လုပ် တင်ပို့သူတွေဟာ ပြည်တွင်းစျေးကွက်ကျဆင်းအောင် လုပ်ဆောင်နိုင်ဖို့ လာမယ့် ဧပြီလ(၂၈) ရက်နေ့ကစပြီး စားသုံးဆီနဲ့ ကုန်ကြမ်းပစ္စည်းတွေပြည်ပတင်ပို့မှုတွေကို ရပ်ဆိုင်းထား မှာဖြစ်တယ်လို့ သမ္မတဂျိုကိုဝီဒိုဒိုက ပြီးခဲ့တဲ့သောကြာနေ့က ထုတ်ပြန်ထားပါတယ်။ အင်ဒိုတောင်သူလယ်သမားသမဂ္ဂကတော့ အစိုးရရဲ့…
လွိုင်ကော် ၊ ဧပြီ (၂၆) တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့စစ်ကောင်စီ စီစဥ်နေတယ်လို့ ဖယ်ခုံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ကယားပြည်နယ်က Non – CDM ဆရာမတွေနဲ့ နေ့စားလပေးဆရာမတွေကိုစစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ဖို့ သင်တန်းပေးနေတာပါ။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်ကြားက မိုးဗြဲ၊ဖယ်ခုံ စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့နယ်မြေတွေမှာ တာဝန်လာထမ်းဆောင်မယ့် Non CDM တွေရဲ့…
မော်လမြိုင် ၊ ဧပြီ (၂၆) ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်မှုကို ပါတီ (၄၆) ခုက ဝင်ရောက်အရွေးခံ စာရင်းသွင်းထားတယ်လို့ UPDJC အလုပ်အဖွဲ့ ခေါင်းဆောင် စိုင်းအိုက်ပေါင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ UPDJC ရဲ့…
ရန်ကုန် ၊ ဧပြီ (၂၆) အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ပြည်နယ်ကောင်စီတွေရဲ့ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီပေးနိုင်ဖို့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနကိုစတင် ဖွဲ့စည်းခဲ့တယ်လို့ ဧပြီလ (၂၄) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ NUG ရဲ့ နယ်မြေစိုးမိုးမှုတွေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လစ်လပ်သွားတဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အစားထိုးဖို့ အုပ်ချုပ်ရေး၊လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့လို့ ထုတ်ပြန်ချက်မှာ…
ဝင်းရေး ၊ ဧပြီ (၂၆) ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာဘက်ကို ဦးတည်ချီတက်လာတဲ့ စစ်ကောင်စီတပ်ဟာ ချီတက်ရာလမ်းတစ်လျှောက်မှာ ဒေသခံအရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ KNLA တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာ ရဲစခန်းနားမှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကစပြီး KNLA တပ်မဟာ ၆…