တိုကျို- ဧပြီ(၂၅)

အာရှရေပိုင်နက်မှာ ဒေသတွင်းလုံခြုံရေးကို ထိန်းသိမ်းဖို့ ကင်းလှည့်နေတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘော ကိုဂျပန်နိုင်ငံအနေနဲ့ အကူအညီပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့နိုင်ငံရဲ့စစ်တပ် ကိုအားကောင်းစေရမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။

ဂျပန်အနေနဲ့ သူတို့နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို သိသိသာသာ အားကောင်းစေမှာဖြစ်ပြီး အမေရိကန်နဲ့ နီးကပ်စွာ လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့တော့ အမျိုးသားလုံခြုံရေးရဲ့ ရှေ့တန်းကို ပထမဆုံးလက်တွေ့ခံစားနိုင်ခဲ့ပါတယ်” လို့  တိုကျိုမြို့တောင်ဘက် ရေပြင်မှာ ရွက်လွှင့်နေတဲ့ ယူအက်စ်အက်စ် အေဘရာဟမ်လင်ကွန်း လေယာဉ်တင်သင်္ဘောရဲ့ သင်္ဘောကျင်းမှာ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

နိုင်ငံတကာ သံတမန်စံနှုန်းတွေကို ဆန့်ကျင်တဲ့ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှု လုပ်ရပ်ဟာ အိမ်နီးချင်း တရုတ်နိုင်ငံက ထိုင်ဝမ်ကို မသိမ်းပိုက်နိုင်စေဖို့နဲ့ အနီးအနားက ဂျပန်ကျွန်းစု တွေကို ခြိမ်းခြောက်ဖို့အတွက် တွန်းအားပေးမှာကို ဂျပန်က စိုးရိမ်နေတဲ့အခြေအနေမှာရှိတယ်လို့ ဟာရာရှိက ပြောပါသေးတယ်။

ဂျပန်အနီးတစ်ဝိုက်ရေပြင်မှာ တရုတ်နဲ့ရုရှားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကြောင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှုကို ဂျပန်က စိုးရိမ်နေတယ်လို့ ဖော်ပြထားပါသေးတယ်။

အထူးစစ်ဆင်ရေးဆိုတဲ့ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာဟာ အင်ဒိုပစိဖိတ်ဒေသအပါ အဝင် ဥရောပအပြင်ဘက်အစွန်ဒေသတွေမှာ လုံခြုံရေးအန္တရာယ်တွေရှိလာတယ်လို့ ဟာယာရှီက ပြောဆိုထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.