တိုင်ပေ – ဧပြီ(၂၅)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို တရုတ်ကျူးကျော်ဝင်ရောက်ထားတယ်ဆိုတဲ့ သတင်းအမှား ကိုထုတ်လွှင့်ခဲ့တဲ့ ဒေသတွင်း ရုပ်သံသတင်းဌာနတစ်ခုကို ထိုင်ဝမ်အစိုးရက စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

တရုတ်ရုပ်မြင်သံကြားဌာန Chinese Television System (CTS) ရဲ့ ဗုဒ္ဓဟူးနေ့ မနက်ခင်း ထုတ်လွှင့် ချက်မှာ တရုတ်ဟာ တိုင်ပေမြို့တော်ကို ပဲ့ထိန်းဒုံးတွေပစ်လွှတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေလည်း ပါရှိပါတယ်။

 “တိုင်ပေမြို့တော်သည် ကွန်မြူနစ်ပါတီမှ ပစ်ခတ်သော ပဲထိန်းဒုံးများကြောင့် ထိခိုက်ခဲ့ရပြီး တိုင်ပေ ဆိပ်ကပ် ပျက်ဆီးခဲ့ပြီး အဆောက်အအုံများနှင့် သင်္ဘောများပျက်စီးခဲ့သည်။ ဘန်ကီအာအို ရထားဘူတာတွင် ရန်သူအေဂျင့်များသည် မီးရှို့ထားပြီး ပေါက်ကွဲစေသောပစ္စည်းများကို ထောင်ထားခဲ့သည်” လို့ သတင်းတင်ဆက်သူ တစ်ယောက်က ပြောပါတယ်။

ရုရှားကို ယူကရိန်းကျူးကျော်မှုဖြစ်ပေါ်လာချိန် နောက်ဆက်တွဲအနေနဲ့ ကျွန်းစုထိခိုက်လာမယ့် တရုတ်ရဲ့ အလားလာရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ် ထိုင်ဝမ်အစိုးရက စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် အခုလို သတင်းအမှားတွေ ထွက်ပေါ်လာခဲ့တာပါ။

တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းစုကို အုပ်ချုပ်ခွင့်မရပေမယ့် သူတို့နိုင်ရဲ့ပိုင်တဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ သတ်မှတ်ထားတယ်လို့ သတင်းအမှားတွေထဲမှာ ဖော်ပြထားပါတယ်။

 “တရုတ်ကွန်မြူနစ်သမားများသည် စစ်ပွဲတစ်ရပ် အတွက် ယင်းတို့၏ ပြင်ဆင်မှုများကို ခြေလှမ်းလာခဲ့ပြီး ထိုင်ဝမ် သမ္မတသည်  အရေးပေါ်အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်”လို့ အစီအစဉ်တင်ဆက်သူတစ်ယောက်ကပြောပါတယ်။

သတင်းမှားထုတ်လွှင့်ခဲ့ပြီးနောက် ဗုဒ္ဓဟူး‌နေ့မှာ   CTS က လူထုထံကို တောင်းပန်ခဲ့ပြီး အဲ့ဒီသတင်း စကားတွေဟာ မီးဘေးအကြိုလေ့ကျင့်မှုတွေမှာ အသုံးပြုဖို့အတွက် ဖန်တီးထားခဲ့တာဖြစ်ပြီး ပြည်သူ လူထုကို အသိပေးဖို့ ရည်ရွယ်ထားတာမရှိဘူးလို့ ပါရှိပါတယ်။

စစ်ရေးကြောင့် လူအများအထိတ်တလန့်ဖြစ်ပြီး ကုန်ပစ္စည်းတွေကို ဝယ်ယူတာနဲ့ ပြင်းအား (၇) ရှိတဲ့ ငလျင်တစ်ခု တိုင်ပေမြို့သစ်မှာ လှုပ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေကိုလည်း  CTS က  ထုတ်လွှင့် ခဲ့ဖူးပါသေးတယ်။

သတင်းအမှားထုတ်လွှင့်မှုတွေကို လူမှုကွန်ရက်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြပြီး အချို့သောသူတွေကတော့ အဲ့ဒီသတင်းဌာနကို စုံစမ်းစစ်‌ဆေးဖို့ တောင်းဆိုနေကြပါတယ်။

ထိုင်ဝမ်အမျိုးသားဆက်သွယ်ရေးကော်မရှင် ထုတ်ပြန်ချက်အရ CTS အနေနဲ့ အများပြည်သူဆိုင်ရာ အ‌‌ခြေအနေကို နှောက်ယှက်တဲ့အတွက် ဥပ‌ဒေချိုးဖောက်တယ်လို့ သံသရရှိတာကြောင့် စုံစမ်းစစ်ဆေးမှု တစ်ရပ် ပြလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးရဲ့ ပါလီမန်အတွင်း ပြောကြားချက်မှာအဲ့ဒီသတင်းအစီရင်ခံမှု ကြောင့် အံ့အားသင့်ခဲ့ရပြီး လူထုအနေနဲ့လည်း မှတ်ချက်တွေမပြုလုပ်ခင် သတင်းအချက်အလက်ကို စစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.