တောင်ငူ -ဧပြီ (၂၅)

ကရင်အမျိုးသားအစည်းအရုံး(KNU)တောင်ငူ
ခရိုင်အတွင်းက ကျီးချောင်းစစ်စခန်းနဲ့ (၄၈) မိုင်ကိုဒေးစစ်ခန်းတွေကို ဒီနေ့ဧပြီလ(၂၅) ရက် နေ့ကစပြီး(၁၅) ရက်အတွင်း ရုပ်သိမ်းထွက်ခွါသွားကြဖို့ ကရင်အမျိုးသားကာကွယ် ရေးတပ် (​KNDO) တပ်ရင်း(၄) က သတိပေးစာထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီစစ်စခန်းနှစ်ခုကြောင့်ပြည်သူတွေထိတ်လန့်နေရတဲ့အပြင် မိုင်းကွင်း တွေကြာင့်လည်း နေ့စဉ်သွားလာတဲ့အခါမှာ အဟန့်အတားဖြစ် နေရပြီး စစ်စခန်းတွေက ပစ်ခတ်တွေကြာင့်လည်း ပြည်သူတေဆိုးရိမ် နေကြတယ်လို့ သိရပါတယ်။

ကရင်အမျိုးသားကာကွယ် ရေးတပ် (KNDO) ရဲ့သတ်မှတ်ထားတဲ့အချိန် ကျော်ပြီး တပ်စွဲထားရင် နောက်ဖြစ်လာမယ့် ကိစ္စ တွေကိုတာဝန်ယူမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။



အဲ့ဒီစစ်စခန်းတွေဟာ တပ်မဟာ(၄) နယ် မြေအတွင်း တပ်စွဲထားတာဟာ ဆယ်နှစ် ကျော်ကြာပြီဖြစ် ပေမယ့် ကရင်လူထုနဲ့ တိုင်းရင်းသားပြည်သူ တွေရဲ့ လူမှုစီးပွါးရေးတွေကို ထိခိုက် နေတဲ့အ ခြေအ နေ​တွေပဲရှိပြီး ကောင်းကျိုးဆောင်ရွက် ပေးတာမရှိတဲ့အတွက် ကြောင့် ထွက်ခွါခိုင်းတာ ဖြစ်တယ်လို့ သိရပါတယ်။

KNDO အနေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို
ရုပ်သိမ်းထွက်ခွါဖို့သတိပေးတာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ (၂၀) ရက်နေ့ကလည်း KNU တပ်မဟာ (၁) နယ်မြေထဲက လေးကေးစစ် စခန်းနဲ့ဝင်းတာပန်စစ်စခန်းတွေကို ဆုတ်ခွါဖို့ သတိပေးချက်ထုတ်ပြန်ထားပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.