စင်ကာပူ ၊ ဧပြီ (၂၄)

ဥ‌ရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥပ‌ဒေပြဌာန်းသူများအကြား သဘောတူခဲ့သော အင်တာနက် ဥပဒေ အသစ်အောက်မှာ  Google၊ Meta နှင့် အခြားသော အွန်လိုင်း ပလက်ဖောင်း/ကုမ္ပဏီ ကြီးတွေက တရားမဝင် အကြောင်းအရာတွေအတွက် ဖြေရှင်းဖို့ ဒါမှမဟုတ် ဒဏ်ငွေပေးဆောင်ဖို့ စသည့်အခြေအနေများကို ကြုံတွေ့ ရ မှာ ဖြစ်ပါတယ်။

၁၆ နာရီထက် ပိုမိုကြာမြင့်သော ဆွေးနွေးမှုများနောက်မှာ  ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဆိုင်ရာ အက်ဥပဒေ ထွက်ပေါ်လာခဲ့ပြီး Google၊ Amazon၊ Apple၊ Meta နှင့် Microsoft တို့ရဲ့ ဥ‌ရောပအတွင်းရှိ အဓိကကျသော စီးပွားရေးအလေ့အကျင့်များကို ပြောင်းလဲနိုင်ရေး အတွက် နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သော အဖွဲ့အစည်းနှင့် ဥပဒေပြဌာန်းသူများက ‌‌တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ “Google၊ Meta နှင့် အခြားသော အွန်လိုင်း ပလက်ဖောင်း/ကုမ္ပဏီ ကြီးများသည်  ယင်းတို့၏ သုံးစွဲသူများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ဖို့အတွက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဆိုင်ရာ အက်ဥပဒေ (Digital Service Act – DSA) အောက်မှာ ကုမ္ပဏီ များသည် ဥပဒေကို မလိုက်နာပါက ၄င်းတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းရဲ့ ၆ ရာခိုင်နှုန်းအထိ ဒဏ်ကြေးအတပ်ခံရနိုင်ပြီး ဥပဒေကို ထပ်ခါတလဲ ချိုးဖောက်ပါက ဥရောပသမဂ္ဂနိုင်ငံများအတွင်း လုပ်ကိုင်နေသော လုပ်ငန်းတွေကို ပိတ်ဆို့တားမြစ်မှာ ဖြစ်ပါတယ်။

အသစ်ပြဌာန်းထားသော ဥပဒေတွေရဲ့ တားမြစ်ချက်ဟာ  ကလေးသူငယ်များကို ရည်ရွယ်သည့် သို့မဟုတ် ဘာသာတရား၊ ကျားမရေးရာ၊ အသားအရောင်နှင့် နိုင်ငံရေးအမြင်များစသည့် ထိရှလွယ်သော အချက်အလက်များ အပေါ်အခြေခံသည့် ကြေငြာထုတ်လုပ်ခြင်းကို ဦးတည်ထားခဲ့ပါတယ်။

 လူအများကို အွန်လိုင်းမှ တဆင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကုမ္ပဏီသို့ ပေးစေရန် ဦးဆောင်သည့် Dark Patterns များကိုလည်း တားမြစ်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီတွေဘက်ကတော့ ၄င်းတို့ရဲ့ စောင့်ထိန်းလိုက်နာမှုကို စောင့်ကြည့်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ နှစ်စဥ် အမြတ်တော်ခွန်ရဲ့ ၀.၀၅ ရာခိုင်နှုန်းကို နှစ်စဥ်ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဆိုင်ရာ အက်ဥပဒေ (Digital Service Act – DSA) ကိုတော့ ၂၀၂၄ ခုနှစ်မှာ ဖိအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Ref:channelnewsasia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.