မြဝတီ-ဧပြီ (၂၄)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဉီးစီးဌာနချုပ်က မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် သွားလာတဲ့ မော်တော်ယာဉ်တွေကို အကြောင်းမဲ့ မပစ်ခတ်ဖို့ ညွှန်ကြား လိုက်ပါတယ်။

ဧပြီလ (၂၃) ရက်နေ့စွဲနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ဒီညွှန်ကြားစာမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပေါ်မှာ သွားလာပြေးဆွဲနေတဲ့ ခရီးသည် တင်မော်တော်ယာဉ်တွေ အရပ်သားကားတွေကုန် တင်မော် တော်ယာဉ်တွေ ကိုအကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်တာ မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဖို့ သက်ဆိုင်ရာ KNU တပ်မဟာ၊တပ်ရင်းတွေမှာရှိတဲ့ အောက်ခြေအဆင့်ဆင့်ရှိ တပ်မှူး၊တပ်သားတွေကို ညွှန်ကြား ထားတာပါ။



KNU တပ်မဟာအမှတ်( ၆)နဲ့ တပ်မဟာအမှတ်( ၇) တပ်မဟာမှူးတွေထံ ရည်ညွှန်းပေးပို့ခဲ့တဲ့ ဒီညွှန် ကြားစာကို KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ထုတ်ပြန်လိုက်တာလို့လည်း ဖော်ပြထားပါတယ်။

ဒီညွှန်ကြားစာကို မလိုက်နာမှုဘဲ ဖောက်ဖျက်ကျူးလွန်ခဲ့ရင် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းခံရ မည်လို့လည်း KNLA စစ်ဦးစီးချုပ်ရဲ့ညွှန်ကြားစာမှာ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက အာရှလမ်းမကြီးမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ကား၊ခရီးသည်တင်ကား နဲ့ ဆိုင်ကယ်တွေမီးရှို့ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.