ဘန်ကောက် – ဧပြီ(၂၄)

နှစ်ပတ်ကျော်ကြာ ဒေါ်လာငွေနဲ့ယှဉ်ရင်ထိုင်းဘတ်ငွေကြေး အနိမ့်ဆုံးရောက်ချိန်မှာ မတည်ငြိမ်မှုနဲ့ငွေအလုံးရင်းနဲ့ ရင်းနှီးရွှေ့ပြောင်းမှုနဲ့ ဘေးဖြစ်နိုင်ချေစီမံခန့်ခွဲမှု နဲ့ ပိုမို လွယ်ကူစေဖို့အတွက် နိုင်ငံခြားငွေကြေးလဲလှယ်ရေးဉပဒေ အတော်များများ ကို ဖြေလျှော့ခဲ့တယ်လို့ ထိုင်ငံနိုင်ငံဘဏ်(BOT) က ထုတ်ပြန်ထားပါတယ်။

ငွေအရင်းအနှီးစီးဆင်းမှုတွေနဲ့ မတည်ငြိမ်မှုကိုဖြေရှင်းဖို့နဲ့ အားပေးမြှင့်တင်နိုင်ဖို့ နိုင်ငံခြား ငွေကြေးလဲလှယ်မှုအတိုင်းအတာတွေကို မနှစ်ကလည်း အလားတူ ဆောင်ရွက်ချက်တွေ ကိုနောက်ဆက်တွဲအဖြစ် (ဆောင်ရွက်ထားပြီး) နောက်ဆုံးအကြိမ်ထုတ်ပြန်တဲ့ ပြောင်းလဲချက်တွေမှာ ငွေလွှဲပြောင်းမှု အကန့်အသတ်တွေကို လျှော့ချတာ အကန့်အသတ်တွေကို ပံ့ပိုးကူညီဆောင်ရွက်တာနဲ့ ပူးတွဲတင်ပြဖို့ လိုအပ်တဲ့စာရွက်စာတမ်းလိုအပ်ချက်တွေကို လျော့ချဖို့ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုမ္ပဏီငယ်တွေအတွက်အမေရိကန်ဒေါ်လာ(၅၀) မီလျံအထိ လက်ရှိ နှစ်စဉ်ချေးငွေ ကန့်သတ်ချက်တွေကို ဖယ်ရှားပြီးနိုင်ငံရပ်ခြားက မရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှု တွေကို ဝယ်ယူမှုတွေကို ကန့်သတ်ထားမှာဖြစ်ပါတယ်။

 ထိုင်းအစိုးရ ထုတ်ပြန်ပြီးတာနဲ့အကျုံးဝင်လာမယ့် စည်းမျဉ်းတွေမှာ ပိုမိုများပြား လာတဲ့ ရည်ရွယ်ချက်တွေအတွက် ပြည်ပငွေလွှဲမှုတွေကိုခွင့်ပြုမှာဖြစ်ပြီး (BOT) က လိုအပ်ချက် တွေကို ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာ ထိုင်းလုပ်ငန်းစုတွေရဲ့လိုအပ်ချက်တွေအရ ပြည်တွင်းငွေလွှဲပြောင်း မှုအတွက် ဒေါ်လာငွေကြေးတွေကို ဝယ်ယူဖို့ ခွင့်ပြုသွားမှာဖြစ်ပြီးငွေလွှဲပြောင်းမှုတွေကို နိုင်ငံခြားငွေကြေး Deposit ငွေစာရင်းတွေက တဆင့် ခွင့်ပြုပေးသွားမယ်လို့ပါရှိပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွေက ဈေးနှုန်းတွေနဲ့ ဆက်စပ်နေတဲ့ ကုန်စည်တွေအတွက် ပြည်တွင်းပေးချေမှုက ကြုံတွေ့ရမယ့် နိုင်ငံတကာငွေကြေးလဲလှယ်မှုကန့်သတ်မှု တွေ ပိုမိုကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ ကြုံတွေ့ရမယ့် နိုင်ငံခြားငွေကြေးလဲလှယ်မှုဘေးဖြစ် နိုင်ချေတွေကို စီမံသွားနိုင်ဖို့ အတွက်လည်း ဒေသတွင်းကုမ္ပဏီတွေကို ခွင့်ပြုပေးသွား ဖို့ရှိတယ်လို့ သိရပါတယ်။

နိုင်ငံခြားငွေကြေးလွှဲပြောင်းမှုတွေမှာ နည်းပါးတဲ့ စာရွက်စာတမ်းတွေကိုသာ လိုအပ်ပြီး ကုန်ကျစရိတ်နဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလျှော့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.