ဒီလီ- ဧပြီ(၂၃)

အရှေ့တီမော်ရဲ့ရွေးကောက်ခံသမ္မတအသစ် ဂျိုးရာမိုစ်ဟော်တာက အင်ဒိုနီးရှားနိုင်ငံ က အာဆီယံဥက္ကဌ အဖြစ်တာဝန်ယူတဲ့အချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဖို့ မျှော်လင့်ထားတယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာပြောခဲ့ပါတယ်။

အသက်(၇၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ရာမိုစ်ဟာ ၂၀၀၇ ခုနှစ်ကစပြီး ၂၀၁၂ ခုနှစ်အထိ သမ္မတအဖြစ် ပထမဆုံးတာဝန်ယူချိန်အတွင်း သူတို့အစိုးရဟာ ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်ဖို့ လျှောက်လွှာတင်ခဲ့ပြီး အဲ့ဒီအချိန်ကလည်း အင်ဒိုနီးရှားက ဥက္ကဌအဖြစ်တာဝန်ယူခဲ့ချိန်လည်းဖြစ်ပါတယ်။

 “အင်ဒိုနီးရှားရဲ့ အာဆီယံဥက္ကဌသက်တမ်းအတွင်း တီမောလက်စ်တီက ပါဝင်ခွင့်ရမယ် ဆိုရင် အထိမ်းအမှတ်တခုဖြစ်မှာပါ”လို့ မြို့တော်ဒီလီမှာကျိုဒိုသတင်းနဲ့အင်တာဗျူးမှာ သူကပြောပါတယ်။

ပေါ်တူဂီရဲ့ ကိုလိုနီလက်အောက်မှာ နှစ်ပေါင်း 400 ကျော်ကြာရှိနေခဲ့ပြီး ကုလသမဂ္ဂက ကမကထပြုတဲ့ ၁၉၉၉ ခုနှစ် ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲမတိုင်ခင်အထိ အရှေ့တီမောကို အင်ဒိုနီးရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံ ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့မှု မြင့်မားနေပေမယ့် အိမ်နီးချင်း အင်ဒိုနီးရှားနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတဲ့အပြင် ပြည်သူများဟာ သူတို့ရဲ့  လွတ်လပ်ရေးကို နှစ်သက်တာဖြစ်တယ်လို့ ရာမိုစ်ဟော်တာက ပြောပါတယ်။

မေလ (၂၀) ရက်နေ့မှာ လွတ်လပ်ရေးနှစ် (၂၀) မြောက်နေ့ဖြစ်ပြီး အဖိုးတန်ကမ်းလွန် ရေနံနဲ့  သဘာဝဓာတ်ငွေ့သိုက်တွေကြွယ်ဝပေမယ့် ထင်ရှားတဲ့ စက်မှုလုပ်ငန်းတွေ မရှိ တဲ့အတွက်စီးပွားရေးတိုးတက်ဖို့ ရုန်းကန်နေရတဲ့အခြေအနေမှာရှိနေပါသေးတယ်။

ပြီးခဲ့တဲ့နှစ် 20 အတွင်းတီမောအနေနဲ့ ကြီးမားတဲ့တိုးတက်မှုကို လုပ်ခဲ့ ပြီးဆေး ဘက်ဆိုင်ရာဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်စွာလက်လှမ်းမီမှု နဲ့ လူနေမှု အဆင့် အတန်းဆိုင်ရာ အခြားတိုးတက်မှုတွေကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

အရှေ့တီမောနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာ ဆယ်စုနှစ် နှစ်ခုသာရှိသေးပြီး ကာလရှည်ကြာ လွတ်လပ်သောနိုင်ငံတွေအနေနဲ့လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆင်းရဲမွဲတေမှုနဲ့ တခြားစီးပွားရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့အခြေ အနေတွေကို မြင်တွေ့နေရတဲ့အတိုင်း အချိန်ယူနေရတာတွေရှိနေတယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့ဝင်ဖြစ်လာရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ တိုးတက်လာမှု အပါအဝင် စီးပွားရေးအခွင့်အလမ်းတွေပိုမိုရရှိဖို့ တံခါးပွင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အရှေ့တီမော သမ္မတဂျိုးရာမိုစ်ဟော်တာအနေနဲ့ သူရဲ့ ဒုတိယငါးနှစ်သက်တမ်း အတွက် လာမယ့် လွတ်လပ်ရေးနေ့မှာ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.