နယူးဒေလီ – ဧပြီ(၂၂)

အနောက်နိုင်ငံတွေက အိန္ဒိယနိုင်ငံကို ရုရှားနဲ့ဝေးကွာဖို့ကြိုးပမ်းနေချိန်မှာ ဗြိတန်ဟာ သူတို့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တည်ဆောက်မှုနည်းလမ်းနဲ့ ကာကွယ်ရေးပစ္စည်း အစိတ်အပိုင်းတွေကို မြန်မြန်ဆန်ဆန်ထုတ်ပေးနိုင်ဖို့ လိုင်စင်ထုတ်ပေးဖို့စီစဉ် ထားပါတယ်။

ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ရဲ့ အိန္ဒိယပထမဦးဆုံးအကြိမ်ခရီးစဉ်မှာ ကုန်သွယ်ရေးနဲ့စစ် သုံးအစိတ်အပိုင်းထက်ဝက်ကျော်ဝယ်ယူထားတဲ့ တောင်အာရှနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ကမ္ဘာကြီးဟာ ဒီမိုကရေစီကို အဟန့်အတားဖြစ်စေသော သက်ဦးဆံပိုင်ဆံပိုင် နိုင်ငံများမှ ကြီးထွားလာသော ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရပြီး လွတ်လပ်သော ကုန်သွယ်မှုနှင့် အချုပ်အခြာ အာဏာအပေါ် ထိပါးနေပါတယ်”လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိုဒီရဲ့ ဇာတိပြည်နယ်ဖြစ်တဲ့ ဂျူဂျာရက်ကို သွားရောက်လည်ပတ်ပြီး နောက်ဂျွန်ဆင်က ကြေညာချက်တစ်ခုထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အိန္ဒိယနဲ့ယူကေရဲ့ မိတ်ဖက်ဆောင်ရွက်မှုဟာ မုန်တိုင်းထန်တဲ့ ပင်လယ်မှာ မီးရှုးတန်ဆောင်ပါ ကျွန်ုပ်တို့ နှစ်နိုင်ငံစလုံးအတွက် အရေးပါတဲ့ ပြဿနာတွေဖြစ်တဲ့ ရာသီဉတု‌အပြောင်းအလဲမှ စွမ်းအင်လုံခြုံရေးနဲ့ ကာကွယ်ရေးအထိ စတဲ့ အကြောင်း အရာတွေအပေါ်မှာ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အရေးပါခြင်းပါပဲ လို့ အဲ့ဒီကြေညာချက်မှာ ထုတ်ပြန်ထားပါသေးတယ်။

အိန္ဒိယဟာ ရုရှားလောင်စာကို ဝယ်ယူနေပြီ ဥရောပနိုင်ငံတွေလည်း ပမာဏတော်တော် များများကို ဝယ်ယူနေတာရှိပါတယ်။

ရုရှား ယူကရိန်းစစ်ပွဲဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကို မြင့်တက်စေခဲ့တယ်လို့အိန္ဒိယခေါင်းဆောင် မိုဒီက ပြောပါတယ်။

 အိန္ဒိယဟာအငြင်းပွားမှုတွေရှိနေတဲ့ ဟိမဝန္တာနယ်စပ်မှာလည်း သာလွန်ကောင်းမွန်တဲ့ တရုတ်စစ်တပ်နှင့် ရင်ဆိုင်နေရပါတယ်။

Ref: The straits time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.