ကိယက်ဗ်- ဧပြီ(၂၃)
ကမ္ဘာ့ဘဏ်ညီလာခံမှာ ယူကရိန်းရဲ့ ဘဏ္ဍာရေးအကူအညီလိုအပ်မှုဆိုင်ရာ ဆွေးနွေးချက် မှာ ပျက်စီးဆုံးရှုံးမှုရဲ့ အစောပိုင်းခန့်မှန်းချက်မှာ စစ်ပွဲရဲ့ စီးပွားရေးဆိုင်ရာ ကုန်ကျစရိတ်တွေ မပါဝင်ဘူးလို့လည်း ပြောပါတယ်။
“သေချာတာကတော့ စစ်ပွဲက ဆက်ဖြစ်နေတုန်းဆိုတော့ အဲဒီကုန်ကျစရိတ်တွေ တက်လာနေတယ်” ဟု မဲလ်ပက်စ်က ပြောပါတယ်။
ညီလာခံမှာ ယူကရိန်းသမ္မတ ဇီလန်စကီးက ကုန်ကျစရိတ်နဲ့ ဘဏ္ဍာငွေလိုအပ်ချက်တွေ ကိုအတိုချုံးဖော်ပြခဲ့ပြီး ရုရှားရဲ့ ကျူးကျော်မှုကြောင့် ယူကရိန်းဟာ စီးပွားရေးဆုံးရှုံးမှု အတွက် တစ်လကို ဒေါ်လာ(၇) ဘီလျံလိုအပ်နေကြောင်းနဲ့ အားလုံးကို ပြန်လည်တည် ဆောက်ဖို့အတွက်ဘီလျံရာနဲ့ချီတဲ့ဒေါ်လာတွေလိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အပါအဝင် အခြားနိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ရုရှားကို ချက်ခြင်းဖယ်ထုတ်ဖို့ လိုအပ်ကြောင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ရုရှားနဲ့ ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ဖို့ ချက်ခြင်းပြင်ဆင်ရမှာဖြစ်တယ်လို့ သူကပြောပါသေးတယ်။
စစ်ပွဲအပြီး ယူကရိန်းကို ပြန်လည်တည်ဆောက်ရာမှာ အကူအညီပေးဖို့နဲ့ တခြား နိုင်ငံတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေအတွက် ရုရှား ပိုင်ဆိုင်မှုငွေတွေကနေ ပေးဆောင်ဖို့ ရုရှားကိုပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေကို တောင်းဆိုထားတယ်လို့ ဇီလန်းစကီးက ပြောပါတယ်။
“ယူကရိန်းမှာ ပြန်လည်တည်ဆောက်ရေး ကုန်ကျစရိတ်က ကြီးမားလာမယ်ဆိုတာ ရှင်းပါတယ်၊ ဒါကြောင့် ကုန်ကျစရိတ်အချို့ကို ရုရှားက ပေးဆောင်သင့်သည်” လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျေးနက်ရဲလ်လန် က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောထားပါတယ်။
ယူကရိန်းနိုင်ငံကို ပြန်လည်တည်ဆောက်ဖို့အတွက် အမေရိကန် သိမ်းယူထားတဲ့ ရုရှားဗဟိုဘဏ်ရဲ့အရန်ငွေတွေကို အသုံးပြုတာဟာ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆွေးနွေးပြီး သဘောတူညီချက် လိုအပ်မယ့် အရေးပါတဲ့ခြေလှမ်းဖြစ်တယ်လို့ သူမက သတိပေးခဲ့ပါတယ်။
ညီလာခံကိုတက်ရောက်လာတဲ့ ယူကရိန်းဝန်ကြီးချုပ်က နိုင်ငံGDP ၃၀% မှ ၅၀% အထိ ကျဆင်းသွားနိုင်ပြီး လက်ရှိအချိန်အထိ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်သောနည်းတွေနဲ့ ဆုံးရှုံးမှုတန်ဖိုးကလည်း အမေရိကန်ဒေါ်လာ (၅၆၀) ဘီလျံရှိနေတယ်လို့ ပြောခဲ့ပါတယ်။
Ref: Reuters