April 23, 2022

ပုလောမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးထက် မနည်းထိခိုက် သေဆုံးနိုင်

တနင်္သာရီ ၊ ဧပြီ (၂၃) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှာ ဧပြီလ (၂၃) ရက်နေ့ မနက်ပိုင်းက စစ်ကား (၁၂) စီးပါ စစ်ကောင်စီယာဉ်တန်းကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (P,PDF)နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြိတ်ဘက်က ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို သရက်ချောင်းမြို့နယ် ကဒဲရွာနဲ့ ပဝတ်ကုန်းရွာအကြားမှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် လွတ်မြောက်သွား တာကြောင့် ခမောင်းတောရွာအနီးမှာ…

လာမယ့်နှစ်မှာအာဆီယံအဖွဲ့ဝင်အဖြစ် မျှော်မှန်းထားတယ်လို့ အရှေ့တီမော ရွေးကောက်ခံ သမ္မတဆို

ဒီလီ- ဧပြီ(၂၃) အရှေ့တီမော်ရဲ့ရွေးကောက်ခံသမ္မတအသစ် ဂျိုးရာမိုစ်ဟော်တာက အင်ဒိုနီးရှားနိုင်ငံ က အာဆီယံဥက္ကဌ အဖြစ်တာဝန်ယူတဲ့အချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဖို့ မျှော်လင့်ထားတယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာပြောခဲ့ပါတယ်။ အသက်(၇၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ရာမိုစ်ဟာ ၂၀၀၇ ခုနှစ်ကစပြီး ၂၀၁၂ ခုနှစ်အထိ သမ္မတအဖြစ် ပထမဆုံးတာဝန်ယူချိန်အတွင်း သူတို့အစိုးရဟာ ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်ဖို့ လျှောက်လွှာတင်ခဲ့ပြီး အဲ့ဒီအချိန်ကလည်း အင်ဒိုနီးရှားက ဥက္ကဌအဖြစ်တာဝန်ယူခဲ့ချိန်လည်းဖြစ်ပါတယ်။ “အင်ဒိုနီးရှားရဲ့…

ကျူးကျော်စစ်ကြောင့် ယူကရိန်းရုပ်ပိုင်းဆိုင်ရာထိခိုက်မှုဟာ ခန့်မှန်းခြေ ဒေါ်လာ ဘီလျံ(၆၀) လောက်ရှိတယ်လို့ ကမ္ဘာ့ဘဏ်ပြော

ကိယက်ဗ်- ဧပြီ(၂၃) ရုရှားရဲ့ကျူးကျော်မှုကြောင့် ယူကရိန်းနိုင်ငံအခြေခံအဆောက်အဦးတွေအပါအဝင် ရုပ်ပိုင်ဆိုင်ရာထိခိုက်ပျက်ဆီးမှုဟာ အကြမ်းဖျင်းအမေရိကန်ဒေါ်လ ဘီလျံ(၆၀)အထိ ရှိနေပြီး စစ်ပွဲဆက်ဖြစ်ရင်ပိုမြင့်တက်လာဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်ဉက္ကဌ ဒေးဗစ်မဲလ်ပက်စ်က ပြောပါတယ်။ ကမ္ဘာ့ဘဏ်ညီလာခံမှာ ယူကရိန်းရဲ့ ဘဏ္ဍာရေးအကူအညီလိုအပ်မှုဆိုင်ရာ ဆွေးနွေးချက် မှာ ပျက်စီးဆုံးရှုံးမှုရဲ့ အစောပိုင်းခန့်မှန်းချက်မှာ စစ်ပွဲရဲ့ စီးပွားရေးဆိုင်ရာ ကုန်ကျစရိတ်တွေ မပါဝင်ဘူးလို့လည်း ပြောပါတယ်။ “သေချာတာကတော့ စစ်ပွဲက ဆက်ဖြစ်နေတုန်းဆိုတော့ အဲဒီကုန်ကျစရိတ်တွေ တက်လာနေတယ်” ဟု…

ဗြိတိန်က အိန္ဒိယရဲ့ကိုယ်ပိုင်တိုက်လေယာဥ်တည်ဆောက်မှု ကူညီဖို့ ကမ်းလှမ်း

နယူးဒေလီ – ဧပြီ(၂၂) အနောက်နိုင်ငံတွေက အိန္ဒိယနိုင်ငံကို ရုရှားနဲ့ဝေးကွာဖို့ကြိုးပမ်းနေချိန်မှာ ဗြိတန်ဟာ သူတို့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တည်ဆောက်မှုနည်းလမ်းနဲ့ ကာကွယ်ရေးပစ္စည်း အစိတ်အပိုင်းတွေကို မြန်မြန်ဆန်ဆန်ထုတ်ပေးနိုင်ဖို့ လိုင်စင်ထုတ်ပေးဖို့စီစဉ် ထားပါတယ်။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ရဲ့ အိန္ဒိယပထမဦးဆုံးအကြိမ်ခရီးစဉ်မှာ ကုန်သွယ်ရေးနဲ့စစ် သုံးအစိတ်အပိုင်းထက်ဝက်ကျော်ဝယ်ယူထားတဲ့ တောင်အာရှနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ကမ္ဘာကြီးဟာ ဒီမိုကရေစီကို အဟန့်အတားဖြစ်စေသော သက်ဦးဆံပိုင်ဆံပိုင် နိုင်ငံများမှ ကြီးထွားလာသော ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရပြီး…

ငြိမ်းချမ်းရေးအတွက် EAOs ခေါင်းဆောင်တွေ နဲ့ ကိုယ်တိုင် တွေ့ဆုံလိုတယ်လို့ စစ်ခေါင်းဆောင် ကမ်းလှမ်း

နေပြည်တော် ၊ ဧပြီ (၂၃) ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EOAs ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင် တွေ့ဆုံလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်က လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေကို ကိုယ်တိုင် တွေ့ဆုံလိုကြောင်းနဲ့ တစ်ဖွဲ့ ၂ ယောက်နှုန်း တက်ရောက်ပေးဖို့…

စည်းကမ်းသတ်မှတ်ချက် မရှိရင် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဘူးလို့ KNU တုံ့ပြန်

ဘားအံ ၊ ဧပြီ (၂၃) အာဏာသိမ်း စစ်ခေါင်းဆောင်က ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကြိုတင်စည်းကမ်း သတ်မှတ်ချက် မရှိရင် ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဘူးလို့ ကရင်အမျိူးသား အစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက တုံ့ပြန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ငြိမ်းချမ်းရေးနဲ့လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေကို ကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း ဧပြီ ၂၂ ရက်နေ့မှာ ကမ်းလှမ်းလာခဲ့တာ…

အမေရိကန်-အာဆီယံ ထိပ်သီး‌ဆွေးနွေးပွဲ မြန်မာ့အရေးအတွက် ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာနိုင်

မော်လမြိုင် ၊ ဧပြီ (၂၃) အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်တွေ တက်ခွင့်မရတဲ့ အမေရိကန်နဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲဟာ မြန်မာ့အရေးအတွက် ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောပါတယ်။ အဲဒီဆွေးနွေးပွဲကို လာမယ့် မေ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ဝါရှင်တန်ဒီစီမြို့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားတာ ဖြစ်ပြီး ဆွေးနွေးပွဲကိုတော့ စစ်ကောင်စီ…