ဟောင်ကောင်၊ ဧပြီ ၂၂

ဗြိတိန်မှ တရုတ်သို့ လွှဲပြောင်းပေးအပ်ပြီး ၂၅ နှစ်အကြာမှာ ဟောင်‌ကောင်မြို့တော်၏ ပထမဦးဆုံး လူထုလှုပ်ရှားမှုကို စတင်ခဲ့သော ဟောင်ကောင်အတိုက်အခံတက်ကြွလှုပ်ရှားသူကို စစ်ဆေးကြားနာ ပြီးနောက် ဧပြီ ၂၀ ရက်နေ့မှာ ထောင်ဒဏ်လပေါင်း ၄၀  ချမှတ်ခံခဲ့ရပါတယ်။

နိုင်ငံရေးသမား၊ ရေဒီယိုအစီအစဥ်တင်ဆက်သူဟောင်း Tam Tak-chi အပေါ်ပြစ်ဒဏ် ချမှတ်ခြင်းနှင့် ပတ်သက်ပြီး အနောက်ပိုင်း ရုံးတော် တရားသူကြီးတစ်ဦးမှ ၂၀၁၉ ခုနှစ်အတွင်း ဟောင်ကောင်မြို့တော် ကို ဆူပူသည်အထိ  ဆန္ဒထုတ်ဖော်မှုများနှင့် အကြမ်းဖက်မှုကို ဖြစ်စေခဲ့ကြောင့် လူမှုနိုင်ငံရေးအရှိတရား ကို လျစ်လျူမရှုထားခဲ့ဘူးလို့ ဆိုပါတယ်။

Tam အပေါ်ချမှတ်သောပြစ်ဒဏ်များတွင် ဆူပူအုံကြွစေသော စကားလုံးများကို ဖြန့်ဝေခြင်း၊ အများ ပြည်သူ မငြိမ်မသက်ဖြစ်လာစေရန် လှုံ့ဆော်သည့် တရားမဝင် စုဝေးများတွင် ပါဝင်ခြင်း စသဖြင့် ပြစ်မှု  ၁၁ ခုဖြင့် စွဲဆိုထားပြီး ဒဏ်ကြေးငွေအဖြစ် ဟောင်ကောင်ဒေါ်လာ ၅၀၀၀ ချမှတ်ထားပါတယ်။

Tam သည် ဘေဂျင်းအစိုးရမှ ဟောင်ကောင်မြို့တော်သို့ အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်း သတ်မှတ်လိုက်ပြီး သီတင်းပတ်များအကြာ ၂၀၂၀ ဂျူလိုင်အတွင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

Tam ၏ ရှေ့နေမှ ရုံးတော်အတွင်း ပြောကြားချက်တွင် သူသည် နိုင်ငံရေးနှင့် လူမှုရေး ပြဿနာများကို စိတ်အားထက်သန်မှုရှိပြီး သူ့ကိုယ်ကျိုးအတွက်မဟုတ်ဘဲ လူအသိုက်အဝန်းအပြောင်းအလဲကို လိုလားခဲ့တာကြောင့် လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

Tam ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်ဆက်တွဲတွင်လည်း အခြားသော တက်ကြွလှုပ်ရှားသူများသည် လည်း ဆူပူလှုံဆော်မှုစွဲချက်များဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အနောက်နိုင်ငံအစိုးရများနှင့် ဝေဖန်ရေးသမားများက ထိုအမျိုးသားလုံခြုံရေးဥပဒေကို ဝေဖန်ပြောဆို ထားသော်လည်း ဟောင်ကောင်နှင့် တရုတ်အာဏာပိုင်များက ထိုဥပဒေသည် ၂၀၁၉ ခုနှစ် ဆန္ဒ ထုတ်ဖော်မှုများ နောက်ဆက်တွဲ တည်ငြိမ်ရေးကို ‌ဆောင်ရွက်ရေးတွင် အရေးပါခဲ့ပြီး တရားစွဲဆိုခြင်းမှာ လည်း နိုင်ငံရေးမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ 

Source: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.