ဝါရှင်တန်၊ ဧပြီ ၂၂

ယူကရိန်းစစ်ပွဲမှာ အန္တရာယ်ရှိတဲ့အခြေအနေကို ရောက်လာတဲ့အတွက် အိမ်ဖြူတော်နှစ်ပတ်လည် တွေ့ဆုံမှုတွင် သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်စစ်ဘက်အကြီးအကဲများကို တွေ့ဆုံခဲ့ပြီး လက်နက်အကူအညီပေးအပ်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲတွင် ကာကွယ်ရေးဝန်ကြီး၊ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌ အပါအဝင် အကြီးတန်း စစ်ဘက်ခေါင်းဆောင် များတက်ရောက်ပြီး အကြောင်းအရာအစုံကို ဆွေးနွေးခဲ့တယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ဘက်ရေးရာမူဝါဒဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးတွင် အရေးကြီးသတင်းများနှင့် ကြီးမားကျယ်ပြန့်တဲ့ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး ယူကရိန်းအရေးမှာ ထိပ်တန်းဆွေးနွေးမှုဖြစ်ခဲ့ပြီး လာမည့်နှစ်အတွင်း ဥရောပလုံခြုံရေးကို ခြိမ်းခြောက်မည့်အရေးအတွက် စိုးရိမ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားက ၎င်း၏ စစ်ဆင်ရေး အဆင့်အသစ်သို့ တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်လာနေပြီး ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ် ဒေသကို လွတ်မြောက်ရန် နည်းလမ်းတကျ ကြိုးပမ်းလာနေပါတယ်။

အနောက်အုပ်စု မဟာမိတ်များကတော့ ရုရှား၏စစ်ဆင်ရေးဟာ လပေါင်းများစွာကြာနိုင်သည့်အလျောက် ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်လာနိုင်ပြီး ယူကရိန်းတိုက်ခိုက်ရေးသမားများ၏ စစ်မြေပြင်စွမ်းရည်ကို စမ်းသပ်နေတဲ့ အခြေအနေမျိုးရှိနေတယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲအဖွင့်မှာ ဘိုင်ဒန်က ယူကရိန်းစစ်တပ်၏ စိတ်ဓါတ်ကြံ့ခိုင်မှုကို ဂုဏ်ပြုခဲ့ပြီး နေတိုး၏ စည်းလုံး ညီညွတ်မှုက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ထိတ်လန့်စေခဲ့တယ်လို့ ပြောခဲ့ပါတယ်။

“သူတို့က ငါထင်ထားတာထက် ခံနိုင်စွမ်းရှိကြတယ် ပိုပြီးဂုဏ်ယူမိတယ်၊ ကျုပ်တို့အားလုံးရဲ့ အကူအညီနဲ့ သူတို့လုပ်ဆောင်နေကြတာကို အံ့သြသွားတယ်၊ ပူတင်က ငါတို့ကို လက်တွဲနိုင်မယ်လို့ မထင်ဘူး” လို့ ဘိုင်ဒင်က ပြောခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့များအနေဖြင့် ယူကရိန်းတွင် တိုက်ရိုက် ပါဝင်တိုက်ခိုက်နေခြင်းမဟုတ်သော်လည်း သွယ်ဝိုက် သောနည်းဖြင့် ထိတွေ့ဆက်ဆံခြင်းများ၊ လက်နက်တပ်ဆင်ခြင်းများနှင့် လေ့ကျင့်ပေးခြင်းနှင့် ယူရိန်း တပ်ဖွဲ့များအား ငွေကြေးထောက်ပံ့တာတွေ ရှိနေပါတယ်။

ကာလကြာ ထိတွေ့မှုတွေဟာ ယူကရိန်းအပေါ် ဝါရှင်တန်၏ ကျောထောက်နောက်ခံပြုမှုအတွက် အမေရိကန် လူထု၏ ထောက်ခံမှုကို စမ်းသပ်ချက်တခုဖြစ်ပြီး သမ္မတဘိုင်ဒန်အနေဖြင့် လာမဲ့ဘဏ္ဍာရေးနှစ်မှာ စစ်တပ်အတွက် ငြိမ်းချမ်းရေး အသုံးစရိတ်ကို ကွန်ဂရက်လွှတ်တော်သို့  တင်ပြတောင်းဆိုထားခဲ့ပါတယ်။

ရုရှားနှင့် အရှေ့ဘက်နယ်စပ်တွင် ကာကွယ်ရေးတပ်ပေါင်းစု၏ အမြဲတမ်းတပ်စွဲထားရှိခြင်း အပါအဝင် ဥရောပရှိ နေတိုးတပ်ဖွဲ့များ၏ အနာဂတ် အလားအလာနှင့်ပတ်သက်တဲ့ မေးခွန်းတွေက ယခုအစည်းအဝေးပြီးနောက်မှာ ပေါ်ထွက်လာပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.