April 22, 2022

သံလွင်တိုင်းမ်သတင်းဌာန Mobile App အတွက် တင်ဒါဖိတ်ခေါ်ခြင်း

သံလွင်တိုင်းမ်သတင်းဌာန၏ သတင်းအက်ပလီကေးရှင်းကို ပြုလုပ်ရန်အတွက် မြန်မာနိုင်ငံသားနည်းပညာရှင်များထံ တင်ဒါဖိတ်ခေါ်အပ်ပါသည်။ မြန်မာ၊ မွန်၊ အင်္ဂလိပ် သုံးဘာသာဖြင့် အသုံးပြုနိုင်သည့် IOS, Andriod Version နှစ်မျိုးဖြင့် အသုံးပြုနိုင်ရန် ပြင်ဆင်ရမှာဖြစ်ပါတယ်။စိတ်ပါဝင်စားသည့် မည်သည့်ကုမ္ပဏီမဆို သံလွင်တိုင်းမ်သတင်းဌာန၏ အီးမေလ်လိပ်စာသို့ လွတ်လပ်သော တင်ဒါအဆိုပြုလွှာဖြင့် တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်။[email protected] Invitation to Tender for Than Lwin Times…

ဒွန်မောင်းလေဆိပ်ပျက်စီးမှုအတွက် ပြန်ပြင်ရန် ဘတ် ၂၀ မီလီယံလျာထား

ဘန်ကောက်၊ ဧပြီ ၂၂ ယခုသီတင်းပတ်အတွင်း Fierce မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသော ထိုင်းနိုင်ငံ၊ ဒွန်‌မောင်းလေဆိပ်ကို ပြုပြင်ဖို့အတွက် ခန့်မှန်းကုန်ကျစရိတ် ဘတ် ၂၀ မီလီယမ်လျာထားတယ်လို့ ထိုင်းနိုင်ငံသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ပြောကြားခဲ့ပါတယ်။ လက်ထောက်အမြဲတမ်းအတွင်းဝန် ဖီဆက် ဂျစ်ဗီရီရာဗာဆင် က အဆိုပါ ကုန်ကျစရိတ်ဟာ တနင်္လာ‌နေ့မှာ ဖြစ်ပွားခဲ့သော မုန်တိုင်းကြောင့် ထိခိုက်ခဲ့တဲ့ အပျက်အစီးများအတွက် အကြိုခန့်မှန်းထားတဲ့ ဘတ်ဂျက်မျှသာ…

စစ်ဘက်ဆိုင်ရာအကြီးအကဲများနှင့် ဘိုင်ဒန်တွေ့ဆုံ၊ ယူကရိန်အရေး အဓိက ထားဆွေးနွေးခဲ့

ဝါရှင်တန်၊ ဧပြီ ၂၂ ယူကရိန်းစစ်ပွဲမှာ အန္တရာယ်ရှိတဲ့အခြေအနေကို ရောက်လာတဲ့အတွက် အိမ်ဖြူတော်နှစ်ပတ်လည် တွေ့ဆုံမှုတွင် သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်စစ်ဘက်အကြီးအကဲများကို တွေ့ဆုံခဲ့ပြီး လက်နက်အကူအညီပေးအပ်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲတွင် ကာကွယ်ရေးဝန်ကြီး၊ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌ အပါအဝင် အကြီးတန်း စစ်ဘက်ခေါင်းဆောင် များတက်ရောက်ပြီး အကြောင်းအရာအစုံကို ဆွေးနွေးခဲ့တယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။ စစ်ဘက်ရေးရာမူဝါဒဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးတွင် အရေးကြီးသတင်းများနှင့် ကြီးမားကျယ်ပြန့်တဲ့…

ဟောင်ကောင်က ပထမဦးဆုံး လူထုလှုပ်ရှားမှု စတင်ခဲ့သူ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်ခံရ

ဟောင်ကောင်၊ ဧပြီ ၂၂ ဗြိတိန်မှ တရုတ်သို့ လွှဲပြောင်းပေးအပ်ပြီး ၂၅ နှစ်အကြာမှာ ဟောင်‌ကောင်မြို့တော်၏ ပထမဦးဆုံး လူထုလှုပ်ရှားမှုကို စတင်ခဲ့သော ဟောင်ကောင်အတိုက်အခံတက်ကြွလှုပ်ရှားသူကို စစ်ဆေးကြားနာ ပြီးနောက် ဧပြီ ၂၀ ရက်နေ့မှာ ထောင်ဒဏ်လပေါင်း ၄၀ ချမှတ်ခံခဲ့ရပါတယ်။ နိုင်ငံရေးသမား၊ ရေဒီယိုအစီအစဥ်တင်ဆက်သူဟောင်း Tam Tak-chi အပေါ်ပြစ်ဒဏ် ချမှတ်ခြင်းနှင့် ပတ်သက်ပြီး အနောက်ပိုင်း ရုံးတော်…

အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်မှာလည်း နိုင်ငံရေးနဲ့ ဒီမိုကရေစီ စံနှုန်း လွတ်လပ်ခွင့်တွေ လုံးဝနီးပါး ဆိတ်သုဉ်းသွားတယ်လို့ သုတေသနစာစောင်တခု ထုတ်ပြန်

မော်လမြိုင် ၊ ဧပြီ (၂၂) စစ်တပ် အာဏာသိမ်းတာကြောင့် တစ်နိုင်ငံလုံး နည်းတူ မွန်ပြည်နယ်မှာလည်း နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ စံနှုန်း လွတ်လပ်ခွင့်တွေ လုံးဝနီးပါး ဆိတ်သုဉ်းသွားခဲ့ရတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။ အကြောက်တရား၊စိုးရိမ်စိတ်တွေနဲ့ လူမှုအဝန်းအဝိုင်းလို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာကို ရာမညဖက်ဒရယ်အင်အားစုသစ်က ဧပြီ ၂၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ အဲဒီအစီရင်ခံမှာတော့…

နိုင်ငံခြားငွေလဲလှယ်မှုမှာ ထပ်မံကင်းလွတ်ခွင့်ရရှိသူစာရင်းကို စစ်ကောင်စီရဲ့ ဗဟိုဘဏ် ထုတ်ပြန်

မော်လမြိုင် ၊ ဧပြီ (၂၂) ပြည်ပက ရရှိလာတဲ့ နိုင်ငံခြားငွေတွေကို တစ်ရက်အတွင်း မြန်မာငွေနဲ့ မဖြစ်မနေ လဲလှယ်ရောင်းချ ပေးရမယ်ဆိုတဲ့ ညွှန်ကြားချက်အပေါ် ကင်းလွတ်ခွင့်ရရှိသူတွေနဲ့ အဖွဲ့အစည်းတွေကို စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဧပြီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကင်းလွတ်ခွင့်ရတဲ့ အဖွဲ့အစည်းတွေမှာတော့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နေတဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ၊ အထူးစီးပွားရေးဇုန်တွေမှာ…

တောင်ပျောက်က စစ်ရှောင်ပြည်သူ ၁၅၀ နီးပါး ငှက်ဖျားရောဂါ ခံစားနေရတာကြောင့် ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေ

မော်လမြိုင် ၊ ဧပြီ (၂၂) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်က စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူ ၁၅၀ နီးပါး ငှက်ဖျားရောဂါခံစားနေရတာကြောင့် ဆေးဝါးအအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းက မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းခဲ့ပြီးနောက် တောင်ပျောက်တိုက်နယ်ထဲ ငှက်ဖျားရောဂါ စတင်စစ်ဆေးတွေ့ရှိခဲ့တာပါ။ လက်ရှိမှာတော့ အသက် ၅ နှစ်အရွယ် ကလေးငယ်တွေကစပြီး သက်ကြီးပိုင်းတွေမှာလည်း…

တပ်မဟာ(၆) မှာ စစ်ကောင်စီရဲ့ ပန်းခင်းစီမံချက် ဆောင်ရွက်ခွင့် မပြုတော့တာဘူးလို့ KNU ပြော

မော်လမြိုင် ၊ ဧပြီ (၂၂) ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီရဲ့ ပန်းခင်းစီမံချက်ဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှုကို ခွင့်မပြုတော့ဘူးလို့ တပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးချုပ်စောဆာမိစေးဖိုးက ဧပြီ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒူးပလာယာခရိုင်အတွင်းရှိ ဒေသခံပြည်သူတွေကို ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာရှေ့တန်းရုံးတွေက နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း…