April 21, 2022

လေးကေကော်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံ လုပ်ဆောင်လာ

မော်လမြိုင် ၊ ဧပြီ (၂၁) အထိနာနေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ လေးကေကော်မြို့အနီးကို လေယာဉ်နဲ့ ကင်းထောက်ပြီးနောက် ဧပြီ ၂၀ ရက်နေ့ မနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံ လုပ်ဆောင်လာတယ်လို့ KNLA ပူးပေါင်းအဖွဲ့ ကော်ဘရာစစ်ကြောင်းက ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က လေးကေကော်ဒေသထဲကို တိုက်လေယာဉ်တစ်စီးနဲ့ ကင်းထောက်လေယာဉ်…

ဘီးလင်းမြို့နယ်က စစ်ကောင်စီတပ် လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းကနေ အမြန်ဆုံး ဆုတ်ခွာဖို့ KNDO သတိပေး

မော်လမြိုင် ၊ ဧပြီ (၂၁) ကေအဲန်ယူ-သထုံခရိုင် တပ်မဟာ ၁ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း ၂ နယ်မြေအတွင်း တပ်စွဲနေထိုင်လျက်ရှိတဲ့ စစ်ကောင်စီတပ်ကို လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းကနေ သုံးရက်အတွင်း ဆုတ်ခွာပေးဖို့ KNDO တပ်ရင်း (၂) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။ ဘီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ လေးကေနဲ့ ဝင်းတာပန်က စစ်ကောင်စီတပ်စခန်းအနေနဲ့ လာမယ့် ၂၃…

စစ်ကောင်စီ ဘွဲ့တံဆိပ် ချီးမြှင့်မှုအပေါ် တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေ

မော်လမြိုင် ၊ ဧပြီ (၂၁) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ် ချီးမြှင့်တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ စစ်ခေါင်းဆောင်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ဦးဆောင်နာယက ခွန်ဥက္ကာ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး…

နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ငါးသိန်းခြောက်သောင်း ကျော်ထိ ရှိလာ

မော်လမြိုင် ၊ ဧပြီ (၂၁) နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ ဘဝမလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ငါးသိန်းခြောက်သောင်းကျော်အထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာတော့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း‌ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ သုံးသိန်းကျော်ထိရှိလာပြီးလို့ (UNOCHA)က ဧပြီ…