An employee of Kirin Holdings demonstrates chopsticks that can enhance food taste using an electrical stimulation waveform that was jointly developed by the company and Meiji University's School of Science and Technology Professor Homei Miyashita, in Tokyo, Japan April 15, 2022. Picture taken April 15, 2022. REUTERS/Issei Kato

ဘန်ကောက် ၊  ဧပြီ (၂၀)

အစားအစာ စားသောက်မှုမှာ ဆိုဒီယမ်ကို လျှော့ချလိုသော သူများကို ကူညီပေးနိုင်ပြီး ဆားဓါတ်အရသာကို မြှင့်တင်ပေးနိုင်တဲ့ ကွန်ပျူတာစနစ်ဖြင့် ပြုလုပ်သော တူများကို ဂျပန် သုတေသီများက တီထွင်လိုက်ပြီးဖြစ်ပါတယ်။

မီဂျီတက္ကသိုလ် ဟိုမိုင် မီယာရှီတာနှင့် ယမကာ ထုတ်လုပ်သည့် Kirin Holding တို့မှ ကမကထ ပြုလုပ်သော တူများသည် အရသာများကို မြင့်တင်ဖို့နဲ့ အာရုံခံဖို့ အီလက်ထရွန်နစ် လှုံ့ဆော်စနစ်နှင့် လက်ကောက်ဝတ်မှာ ဝတ်ဆင်နိုင်သည့် အသေးစား ကွန်ပျူတာတစ်ခုကို အသုံးပြုပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။

ထိုကရိယာသည် ညှပ်တူကို ဖြတ်သန်းပြီး အစားအစာမှရရှိသော ဆိုဒီယမ်အိုင်ရွန်များကို ကူးပြောင်းသယ်ယူရန် အားပျော့သော လျှပ်စီးကို အသုံးပြုထားပြီး အငံဓါတ်ပါသော အရသာမျိုးကို ခံတွင်းထဲမှာ ဖန်တီးပေးမယ်လို့  မီယာရှီတာမှ ပြောကြားခဲ့ပါတယ်။

“ရလဒ်တစ်ခုအနေဖြင့် ဆားအငံဓါတ်ကို ၁.၅ ကြိမ်ထိ တိုးမြှင့်ပေးပါတယ်” လို့ ဆိုပါတယ်။

အရသာတိုးမြှင့်နိုင်သော ညှပ်တူများသည် ဆားအရသာထူးကဲသော ရိုးရာအစားအစာများ ပေါများသည့် ဂျပန်နိုင်ငံအတွက် အထူးသင့်တော်ပါတယ်။

အရွယ်ရောက်ပြီးသား ဂျပန်လူမျိုးတွေဟာ တစ်နေ့ကို ဆား ၁၀ ဂရမ်အထိ စားသုံးလေ့ရှိပြီး ကမ္ဘာကျန်းမာရေးအဖွဲ့က ထိုပမာဏထက် နှစ်ဆ စားသုံးရန် ထောက်ခံ ပြောဆိုထားပါတယ်။

ဆိုဒီယမ်စားသုံးမှု ပိုလျှံခြင်းသည် သွေးတိုးခြင်း၊ လေဖြတ်ခြင်းနှင့် အခြား‌သော ရောဂါဖြစ်ပွားမှုကို မြင့်တက်စေပါတယ်။

မီယာရှီတာနှင့် ကီရီတို့ကတော့ ယင်းတို့ရဲ့ ရှေ့ပြေးနမူနာကို အချောသတ်နေပြီး နောက်နှစ်အစောပိုင်းမှာ စီးပွားရေးအရ ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။

Ref: Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.