ဘန်ကောက် -ဧပြီ(၂၀)

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်(၅) နိုင်ငံဟာ သူတို့ရဲ့ ဗီတိုအာဏာသုံး စွဲမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိစေဖို့ ဝါရှင်တန်ကျောထောက်နောက်ခံပေးထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို လစ်ချ်တင်းစတိန်နိုင်ငံက ကုလအထွေထွေညီလာခံမှာ အစည်း အဝေးတစ်ရပ်ကျင်းပဖို့ ရှိနေပါတယ်။

အမြဲတမ်းအဖွဲ့ဝင်နိုင်င့တွေဟာ ဗီတိုအာဏာကို အသုံးချနေတဲ့ အယူအဆဟောင်းကို လျှော့ချနိုင်ဖို့ နဲ့ မကြာသေးခင်က ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှုမှာ အသုံးပြုခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကုလပဋိဉာဉ်ပြဌာန်းချက်တွေအရ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကြီးကြပ်သူအနေနဲ့ ပဋိပက္ခတွေကို ကြားဝင်ဆောင်ရွက်နိုင်တဲ့ ကုသလုံခြုံရေးကောင်စီ မှာ မော်စကိုရဲ့ ဗီတိုအာဏာကြောင့် စင်ပြိုင်ဆောင်ရွက်ချက်တွေ ထွက်ပေါ်လာဖို့ ဖြစ်လာတာပါ။

သံတမန်ရဲ့ ပြောဆိုချက်တွေအရ အမေရိကန်အပါအဝင် နိုင်ငံပေါင်း(၅၀) ကျော်ရဲ့ ကမကထ လုပ်ထားတဲ့ လစ်ချ်တင်းစတိန် အဆိုပြုလွှာကို လုံခြုံရေးကောင်စီရဲ့ ရုရှား၊ တရုတ်၊ပြင်သစ်နဲ့ဗြိတိန်တို့လို့  အမြဲတမ်းအဖွဲ့ဝင်တွေက သိသာစွာ ပါဝင်တာ မရှိဘူး လို့သိရပါတယ်။

လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံ (၁၀) နိုင်ငံရှိနေပေမယ့်ဗီတို အာဏာအသုံးပြုခွင့်တော့မပေးထားပါဘူး။

သံအမတ်တစ်ယောက်ရဲ့ ပြောဆိုချက်တွေအရ မူကြမ်းကို အားပေးထောက်မှုမလုပ်ပေ မယ့် ပြင်သစ်နိုင်ငံက ဆန္ဒမဲပေးဖို့ လိုလားနေတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Linda Thomas Greenfiled ရဲ့ထုတ်ပြန်ချက် မှာ ပြီးခဲ့တဲ့ရာစုနှစ်(၂) ခုလုံးနီးပါးအတွင်းရုရှားဟာ ဗီတိုအထူးခံစားခွင့်ကို အရုက်တရားမဲ့ စွာအလွဲသုံးစားပြုခဲ့တာတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: channelnewsasia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.