ဘန်ကောက် – ဧပြီ(၂၀)
နယ်စပ်ဒေသနဲ့ ရပ်ရွာတွေမှာ ကိုဗစ်ပပျောက်ရေးရည်ရွယ်ချက်နဲ့ ဟောင်ကောင်ရဲ့ တင်းကျပ်တဲ့ သီးခြားမူဝါဒတွေဟာ စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကို ထိခိုက်စေတယ်လို့ ဝေဖန်နေကြပြီ အဲ့ဒီမှုဝါဒတွေကြောင့် ပိုလျှံအမှိုက်တွေဖြစ်ပေါ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။
ဟောင်ကောင် မှာရှိတဲ့ကာရန်တင်းဟိုတယ်အထပ်တိုင်းက ဝန်ထမ်းတွေဟာ PPE အပြည့်ဝတ်ကြပြီး အသုံးဆောင်ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုပါ ပလတ်စတစ် အကြည်တွေနဲ့ ထုတ်ပိုးထားတာ နေရာတိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်။
ကိုဗစ်-သုညမူဝါဒကိုကျင့်သုံးတဲ့ နေရာအနည်းငယ်ထဲက တစ်ခုဖြစ်တဲ့ ဟောင်ကောင်ဟာ ဒီနှစ်ထဲမှာ ကိုဗစ်ကူးစက်ခံရသူတွေနဲ့ ထိစပ်သူတွေကို အဆောက်အအုံတွေထဲမှာ သီး သန့်ခွဲထားခဲ့ပြီး အဲ့ဒီအဆောက်အအုံတွေကြောင့် အမှိုက်ပြဿနာတွေ ပိုတိုးလာ တာဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ The Green Earth ဟာ ဟောင်ကောင်ရဲ့ ကိုဗစ်-19 အပေါ်ချဉ်းကပ်ပုံဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနည်းပါး မှုကိုထင်ဟပ်စေတယ်လို့ ဝေဖန်လိုက်ပြီး အစိုးရကို ကွာရန်တင်းထားတဲ့ အဆောက် အအုံတွေက ပလက်စတစ်တွေကို ပြန်လည်အသုံးပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။
ရွေးကောက်ခံ ခရိုင်ကောင်စီဝင်တစ်ယောက်ဖြစ်တဲ့ ပေါလ်ဇင်မာမာန်က အဲ့ဒီ အဆောက်အုံတွေဟာ အများသူငှာအိမ်ရာကဲ့သို့သော ရေရှည်အသုံးမပြုနိုင် တဲ့အတွက်ကြောင့် ဖြုန်းတီးမှုလည်း ဖြစ်တယ်လို့ ပြောပါတယ်။
ကိုဗစ်-19 စတင်တည်းက တစ်ခါသုံးပစ္စည်းတွေက အမှိုက်စွန့်ပစ်မှု မြင့်တက်လာတာ ကိုတာဝန်ရှိသူတွေက သတိပြုမိကြပြီး တက်နိုင်သမျှ စိမ်းလန်းတဲ့ လူနေမှုပုံစံကို ကျင့်သုံး ကြဖို့ အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ကလည်းမှတ်ချက်ပေးခဲ့ပါတယ်။
ဟောင်ကောင်မှာ တစ်ရက်ကို ပလတ်စတစ်အမှိုက်တန်ချိန် ၂၃၀၀ ကျော်စွန့်ပစ်နေပြီး အစိုးရထုတ်ပြည်ထားတဲ့ ကိန်းကဏန်းတွေအရ ပြန်လည်အသုံးပြုနှုန်း (၁၁) ရာခိုင်နှုန်း သာရှိပြီး အများစုကိုတော့ စွန့်ပစ်ကြတာဖြစ်ပါတယ်။
Ref: CNA