April 20, 2022

ဆားအရသာကို ထူးကဲစေတဲ့ အီလက်ထရွန်နစ် ညှပ်တူကို ဂျပန်သုတေသီ တွေတီထွင်

ဘန်ကောက် ၊ ဧပြီ (၂၀) အစားအစာ စားသောက်မှုမှာ ဆိုဒီယမ်ကို လျှော့ချလိုသော သူများကို ကူညီပေးနိုင်ပြီး ဆားဓါတ်အရသာကို မြှင့်တင်ပေးနိုင်တဲ့ ကွန်ပျူတာစနစ်ဖြင့် ပြုလုပ်သော တူများကို ဂျပန် သုတေသီများက တီထွင်လိုက်ပြီးဖြစ်ပါတယ်။ မီဂျီတက္ကသိုလ် ဟိုမိုင် မီယာရှီတာနှင့် ယမကာ ထုတ်လုပ်သည့် Kirin Holding တို့မှ ကမကထ ပြုလုပ်သော တူများသည် အရသာများကို…

ကိုဗစ်-သုည မူဝါဒက ပလက်စတစ်အမှိုက်တောင်တွေ ဖြစ်လာလိမ့်မယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေဝေဖန်

ဘန်ကောက် – ဧပြီ(၂၀) နယ်စပ်ဒေသနဲ့ ရပ်ရွာတွေမှာ ကိုဗစ်ပပျောက်ရေးရည်ရွယ်ချက်နဲ့ ဟောင်ကောင်ရဲ့ တင်းကျပ်တဲ့ သီးခြားမူဝါဒတွေဟာ စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကို ထိခိုက်စေတယ်လို့ ဝေဖန်နေကြပြီ အဲ့ဒီမှုဝါဒတွေကြောင့် ပိုလျှံအမှိုက်တွေဖြစ်ပေါ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။ ဟောင်ကောင် မှာရှိတဲ့ကာရန်တင်းဟိုတယ်အထပ်တိုင်းက ဝန်ထမ်းတွေဟာ PPE အပြည့်ဝတ်ကြပြီး အသုံးဆောင်ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုပါ ပလတ်စတစ် အကြည်တွေနဲ့ ထုတ်ပိုးထားတာ နေရာတိုင်းမှာ…

ထားဝယ်-မြိတ်ကားလမ်းအနီး တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

သရက်ချောင်း၊ ဧပြီ ၂၀ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပန်းပြင်နဲ့သရက်နှခွရွာကြား ထားဝယ်-မြိတ်ကားလမ်းအနီးမှာ ဧပြီ ၂၀ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွား‌နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပန်းပြင်ရွာ၊ ဥတုနဲ့သရက်နှခွရွာကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဒေသပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ပြီးနောက် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေတာပါ။ “မနက်အစောပိုင်းကတည်းက ဖြစ်နေတာ။ စစ်ကောင်စီတပ်စခန်းကို ဝင်ပစ်တာလို့…

စစ်ကောင်စီတပ်က လူမြင်တာနဲ့ ပစ်ခတ်နေလို့ စစ်ရှောင်တွေ နေရပ်မပြန်ဖို့ KNDF သတိပေး

မော်လမြိုင် ၊ ဧပြီ (၂၀) ကယားပြည်နယ် တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်က လူမြင်တာနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ နေရပ်မပြန်ဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်က သတိပေးလိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားသလို ပြည်သူတွေ ရွာထဲဝင်ရောက်လာရင်လည်း ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာပါ။ ဒါကြောင့် စစ်ရှောင်ပြည်သူတွေအနေနဲ့ နေရပ်ပြန်တာ…

ကုလလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်တွေရဲ့ ဗီတိုအာဏာအသုံးပြုတာကို ကန့်သတ်ဖို့ ဆွေးနွေးမယ်

ဘန်ကောက် -ဧပြီ(၂၀) ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်(၅) နိုင်ငံဟာ သူတို့ရဲ့ ဗီတိုအာဏာသုံး စွဲမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိစေဖို့ ဝါရှင်တန်ကျောထောက်နောက်ခံပေးထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို လစ်ချ်တင်းစတိန်နိုင်ငံက ကုလအထွေထွေညီလာခံမှာ အစည်း အဝေးတစ်ရပ်ကျင်းပဖို့ ရှိနေပါတယ်။ အမြဲတမ်းအဖွဲ့ဝင်နိုင်င့တွေဟာ ဗီတိုအာဏာကို အသုံးချနေတဲ့ အယူအဆဟောင်းကို လျှော့ချနိုင်ဖို့ နဲ့ မကြာသေးခင်က ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှုမှာ အသုံးပြုခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး…

စစ်ကောင်စီ စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုအတွက် မွန်ဝန်ကြီးချုပ်ကို စစ်ဆေး မေးမြန်းခဲ့

မော်လမြိုင် ၊ ဧပြီ (၂၀) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေကို ဧပြီ ၁၉ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀…

စစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြေးမူဝါဒကြောင့် စက်သုံးဆီတွေကို ခွဲတမ်းနဲ့ ရောင်းချပေးခဲ့ရ

မော်လမြိုင် ၊ ဧပြီ (၂၀) စစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြေးမူဝါဒကြောင့် ဧပြီ ၁၉ ရက်နေ့မှာ စက်သုံးဆီဆိုင်တွေမှာ လက်ကျန်ဆီ နည်းပါးလာတာကြောင့် ခွဲတမ်းနဲ့ ရောင်းချပေးခဲ့ရတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဗဟိုဘက်ကနေ နိုင်ငံခြားငွေတွေကို အလွယ်တကူ ဝယ်ယူလို့ မရတာကြောင့် ဆီဝယ်ယူရာမှာ ဒေါ်လာငွေ ပေးချေဖို့ အခက်အခဲ ရှိခဲ့လို့ ပြည်တွင်းက လုပ်ငန်းရှင်တွေမှာ…

လက်နက် လိုအပ်မှု ရှိနေသေးတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီး ပြော

မော်လမြိုင် ၊ ဧပြီ (၂၀) စစ်မဟာဗျူဟာနဲ့ စစ်ရေးစီမံချက်တွေ ပိုမို အကောင်အထည်ဖော်နိုင်ဖို့အတွက် လက်နက်တချို့ လိုအပ်မှု ရှိနေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တစ်နှစ်ပြည့် အစီရင်ခံစာ တင်သွင်းစဉ်မှာ ဦးရည်မွန်က ပြောဆိုခဲ့တာပါ။ စစ်မဟာဗျုဟာနဲ့ စစ်ရေးစီမံချက် ချမှတ်အကောင်အထည်ဖော်ရာမှာ အရင်ထက်…