ဘန်ကောက် –   ဧပြီ (၁၄)

မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည်နှင့် နျူကလီးယားဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေချိန် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုက အစိုးရအဖွဲ့မှ အဆိုပြုထားတဲ့ လူတွေထဲက   သူရဲ့အနီးကပ်အကြံပေး ပါ့ခ်ဂျင် ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဧပြီလ (၁၃) ရက်နေ့မှာ ရွေးချယ်ခဲ့ပါတယ်။

 အိမ်နီးချင်း ပြုံယမ်းဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှု ပြန်လည်စတင်ခြင်းအဖြစ် ပြီးခဲ့တဲ့ လက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM)ကို စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။

 အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ပက်ခ်ဂျင်ဟာ သူရဲ့များပြားတဲ့ နိုင်ငံခြားရေးမူဝါဒ အတွေ့အကြုံကို အသုံးပြုပြီး  “ပိတ်စို့နေတဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုများကို ပုံမှန်ပြန်ဖြစ်စေရန်” မျှော်လင့်ထားကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေ အရှိန်မြှင့်နေစဉ် သူတို့ရဲ  ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ နည်းလမ်းတွေ ဆွေးနွေးဖို့ ယွန်းက အကြံပေး အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး အမေရိကန်သို့ သွားရောက်ခဲ့ပါတယ်။

 ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ် အသက် (၆၃) နှစ်ရှိပြီဖြစ်တဲ့ ပါလီမန် ထောက်လှမ်း ရေးအဖွဲ့ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ကွန်ယမ်းဆဲကို အဆိုတင်သွင်းခဲ့ပြီး သူဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့  ဆက်ဆံရေး ကိုင်တွယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကွန်ဟာ အစိုးရရှေ့နေကနေ နိုင်ငံရေးသမားဖြစ်လာပြီး လေးနှစ်ဆက်လွှတ်တော် အမတ်တစ်ဦးဖြစ်ကာ ၂၀၁၃ခုနှစ် မှ ၂၀၁၅ ခုနှစ်အထိ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.