ဘန်ကောက် – ဧပြီ(၁၃)
အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့ အရှေ့နဲ့ တောင်ပိုင်းကမ်းခြေမှာ တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Megi ကြောင့်မြေပြိုမှုနဲ့ ရေကြီးတာတွေကြောင့်လူ အနည်းဆုံး(၂၅) ယောက်လောက်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဖိလစ်ပိုင်မှာ နှစ်တိုင်းမုန်တိုင်းအကြိမ်ရေ (၂၀)လောက်ဝင်ရောက်လေ့ရှိပေမယ့် Megi ဟာ ကျွန်းဆွယ်ကို ထိခိုက်ခဲ့တဲ့ ပထမဆုံးမုန်တိုင်းဖြစ်တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်အရှေ့ပိုင်းခရိုင် Leyte မှာ ပြိုကျခဲ့တဲ့ မြေအောက်မှာ ပိတ်မိနေတဲ့ လူ(၂၂) ယောက် ကိုကယ်တင်လိုက်နိုင်တယ်လို့ လည်း သိရပါတယ်။
နိုင်ငံတော်ဘေးအန္တရာယ်အေဂျင်စီက ထိုင်းနိုင်ငံတောင်ပိုင်း Davao ဒေသမှာ လူသုံးယောက်သေဆုံးတယ်လို့ ပြောခဲ့ပြီးအသေအပျောက်စာရင်းကို စီစစ်နေတဲ့ အခြေအနေမှာပဲရှိနေသေးတယ်လို့သိရပါတယ်။
“ကျေးရွာတွေအတွင်းမြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ခံရသူတွေကို လွှင့်မျောသွားစေပါတယ်” လို့ နိုင်ငံတော်ဘေးအန္တရာယ်အေဂျင်စီက Collado ကပြောပါတယ်။
ဒါ့အပြင်အနည်းဆုံးလူ(၆) ယောက်လောက်ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကိုဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သူကပြောပါသေးတယ်။
နိုင်ငံတော်အဆင့် ရာသီဥတုဗျူရိုကTropical မုန်တိုင်း Megi ဟာ တစ်နာရီကို (၄၅) ကီလိုမီတာထိ အာနည်းသွားခဲ့ပြီး အင်္ဂါနေ့မှာ ပင်လယ်ဘက်ကို ရွေ့ပြီး ပျောက်ကွယ် သွားပြီလို့ ပြောဆိုထားပါတယ်။
Ref:CNN