ဘန်ကောက် – ဧပြီ(၁၃)

ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်လို တရုတ်ရဲ့ ဖိအားပေးမှုတွေကို ထိုင်ဝမ်အနေနဲ့ ဘယ်လို တုံ့ပြန်သင့်တယ်ဆိုတဲ့ အာရုံစိုက်စရာ  အချက်တွေကြောင့် ထိုင်ဝမ်စစ်တပ်က အရပ်ဘက်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်စာအုပ်ကို ဒီကနေမှာ ပထမဆုံး အကြိမ်အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။ 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိဖို့  အင်အားသုံးတဲ့ အစီအစဉ်တွေကို  စွန့်လွှတ်မှာမဟုတ်ပဲ သူတို့ရဲ့ အချုပ်အခြာအာဏာကို လက်ခံဖို့ အတွက်  ပြီးခဲ့တဲ့ (၂) နှစ်ဝန်းကျင်က အရှိန်မြှင့်လုပ်ဆောင်ခဲ့တာပါ။

ထိုင်ဝမ်ရဲ့လက်စွဲစာအုပ်မှာ စမတ်ဖုန်းအက်ပ်ပလီကေးရှင်းတွေကတဆင့်  ရေနဲ့ စားနပ်ရိက္ခာတွေအပါအဝင်  ဗုံးခိုကျင်းတွေကို ဘယ်လိုရှာဖွေရမယ်ဆိုတဲ့ လမ်းညွှန်ချက် အသေးစိတ်ဖော်ပြထားတဲ့အပြင် အရေးပေါ်ရှေးဦးသူနာပြု ကိရိယာ ပြင်ဆင်ဖို့ အကြံပြုချက် တွေကိုလည်းအသေးစိတ်ဖော်ပြထားပါတယ်။ 

အဲ့ဒီလက်စွဲစာအုပ်အတွက် စီစဉ်တာဟာ ရုရှားရဲ့ အိမ်နီးချင်းအပေါ် တိုက်ခိုက်မှုတွေ ကြောင့် ကြိုတင်မှန်းဆထားတဲ့ ထိုင်ဝမ်အတွက် သူတို့ရဲ့ ဂယက်ရိုက်ခတ်မှုတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေအတွက်နည်းလမ်းတွေဖြစ်တဲ့ အရန်တပ်ဖွဲ့တွေ ပြင်ဆင်ဖွဲ့ စည်းဖို့ လည်းပါဝင်တယ်လို့သိရပါတယ်။

 “စစ်ရေးအကျပ်အတည်းမှာ နိုင်ငံသားတွေ ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတဲ့ အချက်  အလက်တွေကို ပံ့ပိုးပေးထားတာပါ၊ ဒါမှ ဘေးကင်းလုံခြုံရေး ကြိုတင်ပြင်ဆင်မှု နဲ့ လူထုကို အသက်ရှင်သန်ဖို့ အထောက်အကူဖြစ်မှာပါ” လို့ ဝန်ကြီးဌာနတာဝန်ရှိသူက အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆွီဒင်နဲ့ ဂျပန်နိုင်ငံတို့က ထုတ်ဝေတဲ့ အလားတူလမ်းညွှန်ချက်တွေကို ထုတ်နှုတ်ထားတဲ့ ဒီစာအုပ်မှာ နေ့စဉ်လိုအပ်ချက်တွေအတွက် အမိုးအကာတွေ၊  ဆေးရုံဆေးခန်းတွေနဲ့ ဈေးဆိုင်တွေလို ဒေသအလိုက်လိုအပ်တဲ့  အချက်အလက်တွေကို ထပ်ပြီးမွမ်းမံသွားဦး  မယ်လို့ သူကပြောပါသေးတယ်။

အဲ့ဒီလက်စွဲစာအုပ်မှာ  လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ  အချက်ပေးသံတွေကို ခွဲခြား နည်းတွေနဲ့ ဒုံးကျည်တွေဘေးကနေ ခိုးအောင်ဖို့ နည်းလမ်းတွေကဲ့သို့ စစ်ရေးတိုက်ခိုက်မှု တွေက လွတ်မြောက်ဖို့ အကြံပြုချက်တွေပါရှိတဲ့ ရုပ်ပုံတွေကို အသုံးပြုထားပါတယ်။ 

တရုတ်နိုင်ငံက ကျူးကျော်ဝင်ရောက်လာမယ့်အရိပ်အယောင်တွေကို မဖော်ပြထားပေ မယ့် ရုရှားရဲ့ယူကရိန်းအပေါ်အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ စစ်ပွဲစတင်တည်းက သတိပေး ချက်တွေကို ထိုင်ဝမ်အာဏာပိုင်တွေက အဆက်မပြတ်ထုတ်ပြန်နေခဲ့တာပါ။

အရန်တပ်ဖွဲ့ဝင်တွေ လေ့ကျင်ဖို့ ပြုပြင်ပြောင်းလဲချက်တွေကို မနှစ်က ထုတ်ဖော်ပြ သခဲ့တဲ့ အစီအစဉ်တွေအပြင် အစိုးရဟာ လေးလထပ်ကျော်လွန်တဲ့ မဖြစ်မနေ စစ်မှုထမ်းရမယ့် လမ်းညွှန်ချက်တွေလည်းရှိနေပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.