Leader of the opposition party Mian Muhammad Shehbaz Sharif, brother of ex-prime minister Nawaz Sharif, speaks to supporters during an anti-government rally organized by the Pakistan Democratic Movement (PDM), an alliance of political opposition parties, after the parliament took up a no-confidence motion moved by opposition lawmakers in a bid to remove Prime Minister Imran Khan, in Islamabad, Pakistan March 29, 2022. REUTERS/Akhtar Soomro - RC20CT9IFX0P

ဘန်ကောက် – ဧပြီ(၁၂)

ပါကစ္စတန်လက်ရှိဝန်ကြီးချုပ် အီမရန်ခမ်းဟာ ပါလီမန်မှာ အယုံကြည်မရှိမဲနဲ့ ရှုံးနိမ့်ပြီး နောက်မှာတော့ သူ့ရဲ့ ကာလရှည်ကြာ အတိုက်ခံနိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ရှီဘက်စ်ရှာရစ် ဟာ နိုင်ငံရဲ့ နောက်ထပ်ဝန်ကြီး ချုပ်အဖြစ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပါလီမန်မှာ အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်း နော်ဝက်ဇ် ရှာရစ်ရဲ့ ညီဖြစ်သူ ရှီဘက်စ်ရှာရစ် ဟာ ခရစ်ကတ် ကြယ်ပွင့်ဟောင်း ခမ်းကို ဖြုတ်ချဖို့ ဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်နေရာကို အစားထိုးဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

ခမ်းရဲ့ ပါတီကတော့ သူတို့ရဲ့ ပါလီမန်အမတ်တွေဆုံးရှုံးရင် အစုလိုက်အပြုံလိုက် နှုတ် ထွက်မှာဖြစ်ပြီး သူတို့ရဲ့အမတ်နေရာတွေအတွက်  အရေးပေါ်ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ဖို့ လိုအပ်လာမှာဖြစ်တယ်လို့သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်းခမ်းဟာ အမေရိကန်ကို ဆန့်ကျင်သူဖြစ်ပြီး  အာဖဂန်ကို တာလီဘန် တွေသိမ်းခဲ့စဉ်ကလည်း ကြိုဆိုခဲ့သူဖြစ်ပြီး  သူ့ကိုဖြုတ်ချဖို့ နောက်ကွယ်မှာ ကန်အစိုးရ ကကြိုးကိုင်ခဲ့တယ်ဆိုပြီးလည်း မကြာသေးခင်က စွပ်စွဲခဲ့ပါတယ်။

“လွတ်လပ်မှု တိုက်ပွဲကို ဒီနေ့ပြန်စမယ်” လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပြီး  မဲမပေးခင်မှာပင် ခမ်း ဟာ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ တိုက်တွန်း ထားခဲ့ပါတယ်။

“တနင်္ဂနွေနေ့မှာ ပါကစ္စတန်တစ်ဝှမ်းမှာရှိတဲ့ ကျွန်တော့်ရဲ့ ထောက်ခံသူတွေအားလုံး အိမ်ကထွက်ပြီး အာဏာရဖို့အတွက် ကြိုးပမ်းနေသူတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြရမယ်” လို့ ဝန်ကြီးချုပ်ဟောင်းခမ်းက မိန့်ခွန်းပြောခဲ့ပါတယ်။

လက်ရှိမှာတော့ ပါကစ္စတန်ရဲ့ မြို့ကြီးတွေမှာ ထောင်နဲ့ချီတဲ့လူထုစုဝေးမှုတွေဖြစ်ပေါ် နေပြီး အီမရန်ခမ်းကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။

ရှီဘက်စ်ရှာရစ် ရဲ့ ခမ်းကို  ထုတ်ပယ်ဖို့ကြိုးစားတာဟာ အသစ်အဆန်း တစ်ခုစတင်ဖို့ အတွက် အခွင့်အလမ်းဖြစ်ပြီး အရုဏ်ဦးသစ်တစ်ခု စတင်ပြီး မဟာမိတ်အဖွဲ့ဟာ ပါကစ္စတန် ကိုပြန်လည်တည်ဆောက်လိမ့်မယ်လို့ တနင်္ဂနွေနေ့က ပါလီမန်မှာ ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်အဆိုတင်သွင်းခဲ့တဲ့ ရှီဘက်စ်ရှာရစ် ရဲ့ ပထမဆုံးတာဝန်မှာ  အင်အားကြီး စစ်တပ် အပြင် မဟာမိတ်ဖြစ်တဲ့ အမေရိကန်နဲ့ ဆက်ဆံရေးကို ပြုပြင်ဖို့ဖြစ်ပြီး အထစ်အငေါ့ ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ထိန်းကျောင်းသွားဖို့ လိုအပ်မှာ ဖြစ်တယ်လို့သိရပါတယ်။

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.