မော်လမြိုင် ၊ ဧပြီ (၁၂)

သင်္ကြန်ကာလမှာ မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်းတွေ ဆက်လက် ပြေးဆွဲပေးသွားမယ်လို့ အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

အဝေးပြေးယာဉ်လိုင်းတွေဟာ သင်္ကြန်ကာလအတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေစေဖို့နဲ့ ခရီးသွားတွေ အလွယ်တကူ ခရီးသွားလာလို့ရအောင် ယာဉ်လိုင်းတွေကို ပုံမှန်အတိုင်း ဆက်လက် ပြေးဆွဲပေးသွားဖို့ စီစဉ်ထားတာပါ။

ဒါပေမယ့် အဝေးပြေးယာဉ်လိုင်း အများစုက ယာဉ်အစီးရေ အကန့်အသတ်နဲ့ ပြေးဆွဲပေးမှာ ဖြစ်သလို တချို့ယာဉ်လိုင်းတွေကတော့ တစ်ရက် တစ်စီးနှုန်း ပြေးဆွဲပေးဖို့ စီစဉ်ထားတယ်လို့ အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင် တစ် ယောက် က ပြောပါတယ်။

မွန်ပြည်နယ်မှာ တိုင်းနဲ့ပြည်နယ်အသီးသီးကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်း ၇၀ ကျော် ရှိနေတာ ဖြစ်ပြီး သင်္ကြန်ကာလအတွင်းမှာတော့ အဝေးပြေးယာဉ်လိုင်း ၃၀ ထက်မနည်း ပြေးဆွဲပေးဖို့ စီစဉ်ထားပါတယ်။

တဖက်မှာလည်း အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာနဲ့ ခရီးသည်ရရှိမှု နည်းလာတာကြောင့် ယာဉ်လိုင်းတချို့ အရှုံးပေါ်ပြီး ပြေးဆွဲမှု ရပ်နားလာကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.