ဘန်ကောင်- ဧပြီ(၁၁)

မလေးရှားနဲ့အင်ဒိုနီးရှားအစိုးရတို့က မလေးရှားနိုင်းငံအတွင်း အင်ဒိုအိမ်အကူတွေကို ခေါ်ပြီး အလုပ်ပေးဖို့နဲ့ကာကွယ်ဖို့အတွက် နားလည်မှုစာချွန်လွှာကို ဧပြီလ(၁)  ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲ့ဒီနားလည်မှုစာချွန်လွှာကို မလေးရှားလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး M Saravanan နဲ့ အင်ဒိုနီးရှားလုပ်သားဝန်ကြီးဌာန ဝန်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ပြီး အသိသက်သေတွေ  အဖြစ် မလေးဝန်ကြီးချုပ်နဲ့ အင်ဒို သမ္မတ တို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၀ ဇွန်လကစပြီး နိုင်ငံခြားသားအလုပ်သမားခေါ်ဖို့ ကန့်သတ်ထားတဲ့ နားလည်မှုစာချွန် လွှာအသစ်ကြောင့် မလေးရှားအိမ်အကူလုပ်သားဈေးကွက်ကို အပြောင်းအလဲဖြစ်စေခဲ့ တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံဟာ ဆောက်လုပ်ရေး၊ သစ်ပင်ပန်းမန်နဲ့ စိုက်ပျိုးရေး အတွက်ကိုသာ နိုင်ငံခြားသား အလုပ်သမားတွေကို  ဌားခွင့်ပြုထားတာပါ။

အသစ်ရေးထိုးလိုက်တဲ့ နားလည်မှု စာချွန်လွှာမှာ တော့ အိမ်အကူတွေအတွက် ကတိကဝတ်တွေတိုးမြှင့်ထားပြီး  ပိုမိုကျစ်လစ်ပြည့်စုံတဲ့  ကာကွယ်ဖို့ ပါဝင်ပြီး ဌားရမ်းခ နှုန်းထားတွေကတေ့ မြင့်တက်လာတယ်လို့ သိရပါတယ်။

ကုန်ကျစရိတ်အလားအလာရှိတဲ့လုပ်သားဌားရမ်းသူတွေအတွက်ပူပန်မှု  ဖြစ်စေပြီး သဘောတူညီမှုအသစ်နောက်ဆက်တွဲမှာတော့ လုပ်သားခန့်အပ်ရေး အေဂျင်စီတွေကို  အထောက်အပံ့ပေးနိုင်ဖို့  အတွက် CNA ကိုပြောပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.