ဘန်ကောက်- ဧပြီ(၁၁)

ပြင်သစ်သမ္မတ မက်ခရွန်နဲ့ သူ့ရဲ့ အကြီးဆုံးပြိုင်ဘက်ဖြစ်တဲ့ မရင်းလပန်း  တို့နှစ်ယောက် စလုံး ဟာ လာမယ့် ဧပြီလ(၂၄) ရက်မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ အကြိတ်အနယ်ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ မဲအရေအတွက် မတိမ်းမယိမ်းနဲ့  ရွေးကောက်ပွဲမှာ

တခြားကိုယ်စားလှယ်လောင်းတွေရဲ့ ရှေ့ကနေဦးဆောင်နေပြီး သူတို့ရဲ့မဲဆွယ် ပိုစတာတွေကိုလည်း ပဲရစ်မြို့မှာ အပြိုင်အဆိုင်မြင်တွေ့နေရပြီဖြစ်ပါတယ်။

 ပဲရစ်မြို့ အပြင်ဘက်မှာရှိတဲ့ ပြင်သစ် Affichage Plus ပို့ဆောင်ရေးဗဟိုဌာ နမှာတော့သူတို့နှစ်ဦးလုံးရဲ့ တရားဝင်မဲဆွယ်ပိုစတာတွေကို မတ်လ (၂၂)ရက် ကတည်းက စတင်မြင်တွေ့နေခဲ့ရတာပါ။

ပြင်သစ်နိုင်ငံရဲ့လက်ရှိသမ္မတ ဖြစ်တဲ့ မက်ခရွန်ကတော့  ဗဟိုဝါဒစွဲကိုင်တဲ့ (LREM)ပါတီကရွေးကောက်ခံကိုယ်စားလှယ်လောင်းဖြစ်ပြီး မာရင်နီလီပဲန်းက တော့ အမျိုးသားရေးဦးစားပေးတဲ့ လက်ယာစွန်းဝါဒီစွဲကိုင်တဲ့ ပြင်သစ် အမျိုး သားတပ်ဦးပါတီ (Rassemblement National)က ဝင်ရောက်ရွေးချယ်ခံ မယ့် သူ ဖြစ်ပါတယ်။

ဧပြီလ(၁ဝ)  ရက် ပထမအကျော့ မဲခွဲမှုအပြီးမှာတော့ မက်ခရွန်က လီပဲန်းထက် တစ်ပြေးနေတယ်လို့ ခန့်မှန်းနေရပြီး အခြား နာမည်ရ ကိုယ်စားလှယ်လောင်း   တွေ ကတော့ ရှုံးနိမ့်ခဲ့ပါတယ်။

မက်ခရွန်ရဲ့ပါတီက လက်ယာစွန်းသမ္မတလောင်းတွေထဲက Eric Zemmour ကလွဲပြီး လက်ယာစွန်းရောက်သူတွေကို ပိတ်ဆို့နိုင်ဖို့ နှစ်ပတ်အတွင်း လက်ရှိသမ္မတကို ထောက်ခံပေးကြဖို့ မဲဆန္ဒရှင်တွေကို တိုက်တွန်းခဲ့ပါ တယ်။

လက်ရှိအခြေအနေအရတော့ မက်ခရွန်က (၅၁)ရာခိုင်နှုန်း၊ လီပဲန်းက (၄၉)ရာခိုင်နှုန်းရရှိနေပြီး  မဲအရေအတွက်မတိမ်းမယိမ်းနဲ့ နှစ်ဦးစလုံးဟာ  အောင်နိုင်ဖို့ လက်တစ်ကမ်းအလိုအခြေအနေမှာရှိနေကြတာပါ။

မက်ခရွန်ကတော့သူ့ရဲ့ထောက်ခံသူတွေကို  ‘‘ဘယ်အရာကမှအဆုံးအဖြတ်မပေးနိုင်သေးပါဘူး’’ လို့ ပြောကြားထားပြီး ဥရောပသမဂ္ဂရဲ့ ဒုတိယအကြီးဆုံးစီးပွား ရေးကို  လက်ယာစွန်းရောက်အုပ်စု ချုပ်ကိုင်နေခြင်းကို ရပ်တန့်ဖို့ ဧပြီလ (၂၄) ရက်နေ့ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေအကုန်လုံး သူ့နောက်မှာ ထောက်ခံပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲအတွက် လတ်တလောမှာ မက်ခရွန်က မဲဆန္ဒရှင် (၅၄)  ရာခိုင်နှုန်းရဲ့ ထောက်ခံမှုကိုရရှိထားပါတယ်။

ဒါပေမဲ့ မက်ခရွန်အနေနဲ့ လီပဲန်းကို ၂၀၁၇ ရွေးကောက်ပွဲတုန်းကတော့ (၆၆) ဒသမ၁ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့တာမို့ လက်ရှိအချိန်ထိ ရထားတဲ့ရလဒ်ဟာ အောင်ပွဲရဖို့ စိတ်မချရတဲ့အနေအထားဖြစ်ပါတယ်။

‘‘ဧပြီ ၂၄ ရက် ရွေးကောက်ပွဲဟာ  ပြင်သစ်လူမှုအဖွဲ့အစည်းရဲ့ ရွေးချယ်မှု ဖြစ်သလို ဒီလူ့အဖွဲ့အစည်းရဲ့ လူမှုတိုးတက်မှုလည်းဖြစ်ပါတယ်။’’ လို့ လီပဲန်းက ပြောကြားခဲ့သလို‘‘ကျွန်မတို့ အောင်နိုင်မှာပါ ’’ လို့လည်း သူမကိုထောက်ခံ  သူတွေကိုပြောကြားခဲ့ပါတယ်။

မကြာသေးမီကာလအတွင်းက လီပင်းက သူမသာ သမ္မဖြစ်ခဲ့ပါက အားနည်းသူတွေကို ကာကွယ်ပေးပြီး လူတန်းစားညီညွတ်မျှတပြီး စည်းလုံးညီညွတ်တဲ့နိုင်ငံကို ဖော်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.