ဘန်ကောက် – ဧပြီ(၁၀)

‌ဘရာဇီးနိုင်ငံ အာကာသသုတေသနဌာန National Institute for Space Research (INPE).ရဲ့ အသစ်ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ အမေဇုံ မိုးသစ်တောတွေရဲ့ သစ်တောပြုန်းတီးမှုနှုန်းထားမှာ ၂၀၂၂ ခုနှစ် ပထမ ၃ လပတ်အတွင်း အမြင့်ဆုံး စံချိန် ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလနဲ့မတ်လအကြားမှာ

သစ်တော စတုရန်းကီလိုမီတာ ၉၄၁.၃၄ဟာ ခုတ်ထွင်ရှင်းလင်း  ခံခဲ့ရပြီး အဲ့ဒီနှုန်းထားဟာ   အင်စတီကျူအနေနဲ့  ၂၀၁၆ ခုနှစ်အတွင်း သစ်တော ပြုန်းတီးမှုနှုန်းထားတွေကို

လေ့လာစောင့်ကြည့်ချိန်ကစရင် အမြင့်မားဆုံးပမာဏအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ခုတ်ထွင်ရှင်းလင်းခံရတဲ့ ဧရိယာဟာ တက်ဆက်ပြည်နယ်က ဒေါလပ်စ်နီးပါးရှိပြီး သုသေတနပညာရှင် တွေကတော့ ၅၇၃.၂၉ စတုရန်းကီလိုမီတာအထိ ခုတ်ထွင်ခံရတဲ့ မနှစ်ကထက် (၆၄) ရာခိုင်နှုန်းမြင့်တက် လာခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့အကြီးဆုံးမိုးသစ်တော ပြုန်းတီးမှုဟာ ၂၀၀၉ ခုနှစ် သမ္မတ ဂျဲယ် ဘိုဆွန်နာရို တာဝန်ယူ ချိန်ကစ ပြီး မြင့်တက်ခဲ့ကာ အမေဇုံဒေသအတွင်းက ဆဲရဲမွဲတေမှုတွေကိုလျှော့ချစေဖို့ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေး ကိုနှေင့်နှေးစေတယ်လို့ အစိုးရအဖွဲ့က ငြင်းချက်ထုတ်ထားတဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အားနည်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအစီရင်ခံစာအရ ရုပ်ကြွင်းလောင်စာအသုံးပြုတာတွေ  အပြစ်တင်ခဲ့ပြီး သစ်တောပြုန်းတီးမှုဟာ ကမ္ဘာလုံးဆိုင်ရာ ထုတ်လွှတ်မှု (၁၀) ရာခိုင်နှုန်းအထိရှိစေတယ်လို့ ပါရှိပါတယ်။

တချိုသိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေမှာ သစ်တောပြုန်းတီးမှုဟာ အောက်တိုဘာလမှာ ကျင်းပမယ့် ဘရာဇီးသမ္မတရွေးကောက်ပွဲမတိုင်ခင်အထိ မြင့်တက်နိင်ပြီး အခုလိုအခြေအနေဟာ အရင်ရွေးကောက်ပွဲ သုံကြိမ်မှာလည်း ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။  

ဘရာဇီးသုတေသန အင်စတီကျုက Carlos Souza ရဲ့ ပြောဆိုချက်တွေအရ သဘာပတ်ဝန်းကျင်ဆိုင်ရာ ဖိအားပေးဆောင်ရွက်မှုတွေဟာ ရွေးကောက်ပွဲနှစ်တွေမှာ ပုံမှန်အားနည်းနေတာဖြစ်ပြီး အစိုးရသစ်  ရုံး မတက်ခင်အချိန်မှာ ကျူးလွန်သူတွေဟာ တောခုတ်တာတွေကို အလျင်အမြန် ပြုလုပ်ကြတာ  ဖြစ်တယ်  လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကFacebook ရဲ့ ကြေငြာချက်မှာသစ်တောပြုန်းတီးမှုနဲ့ပတ်သက်ပြီး သတင်းတုဖြန့်ဝေတဲ့ အကောင့် ၂၄ ခု၊ facebook စာမျက်နှာ ၉ ခုနဲ့ အင်စတာဂရမ်အကောင့် ၃၉ ခုတို့ကို ဖယ်ရှားခဲ့‌တယ်လို့  ထုတ်ပြန်ထားပါတယ်။

သစ်တောပြုန်းတီးမှုတွေနဲ့ ပတ်သက်ပြီးဘရာဇီး ကာကွယ်ရေးဝန်ဌာနကို  CNN ကဆက်သွယ်ခဲ့ပေမယ့်  ဆက်သွယ်လို့တော့မရခဲ့ပါဘူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.