ဘန်ကောက်- ဧပြီ(၃)

အာဆီယံခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဖွဲ့ကိုပေးထားတဲ့ ကတိတွေ မပြည်စုံမချင်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ သတ္တိရှိသင့်တယ်လို့ The Straits Times သတင်းဌာနက ဆောင်းပါးဖော်ပြထားပါတယ်။  

ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို စစ်အုပ်စု ကလုယူထားတဲ့ အာဏာပြန် မပေးမချင်း အာဆီယံအဖွဲ့ဝင်အဖြစ်ကနေဆိုင်းငံ့ထားပြီး သူတို့ရဲ့ မဆင်မခြင်လုပ်ရပ်တွေအတွက် တာဝန်ယူသင့်တယ်လို့ ဆောင်းပါးရှင်ကရေးသားထားပါတယ်။

ပြီးခဲ့တဲ့ နှစ်က အင်ဒိုနီးရှား၊မလေးရှား၊စင်္ကာပူနဲ့ ဖိလစ်ပိုင်ခေါင်းဆောင်တွေက စစ်ကောင်စီကို အာဆီယံ  ထိပ်သီးအစည်းအဝေးတွေတက်ရောက်ဖို့ ကန့်သတ်တားမြစ်  ထားတာတွေလုပ်ဆောင်ထားတာပါ။

မြန်မာအကြပ်အတည်းကိုဖြေရှင်းဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တောင်ဆိုထားတဲ့ သဘောတူညီ ချက်(၅) ချက်ကို လျစ်လျူရှုတာဟာ အာဆီယံကို လေးစားမှု့ကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ လည်း ဖော် ပြထားပါတယ်။

ဇန်နဝါရီလက  အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့အာဆီယံအလှည့်ကျဥက္ကဌ ဟွန်ဆန်ဆီ ပေးပို့တဲ့ စာမှာ မင်းအောင်လှိုင်အနေနဲ့ သူပေးထားတဲ့ကတိကိုအကောင်အထည်ဖော်ဆောင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူးလို့ ရေးသားထားပါတယ်။

အင်ဒိုနီးရှားရဲ့  G-20ရဲ့  ဥက္ကဌသက်တမ်း ပြီးဆုံးပြီးနောက် နိုဝင်ဘာလမှာ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် မြန်မာအရေးနဲ့ပတ်သက်ပြီးအင်ဒိုနီးရှားက လွှဲပြောင်းတာဝန် ယူရင် ပိုကောင်းမယ့်အခြေအနေမှာရှိတယ်လို့ ဟွန်ဆန်က ပြောထားပါတယ်။

အာဆီယံအနေနဲ့ အနောက်နိုင်ငံတွေ၊အာရှထိပ်သီးနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်နေပြီး စစ်ဗိုလ်ချုပ်တွေရဲ့ စီးပွားရေးကိုပိတ်ဆို့အရေးယူတာတွေအပြင် စစ်တပ်အချင်းချင်း စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်တာတွေကိုလည်း ရပ်ဆိုင်းထားသင့်တယ်လို့ ဆောင်းပါးရှင်က ဖော်ပြထားပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို အာဆီယံ အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပြုဖို့ ဖြစ်နိုင်တဲ့အခြေအနေတွေ ရှိနေပေမယ့် အင်ဒိုနီးရှားနိုင်ငံနဲ့မလေးရှားတို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာအရေး နဲ့ပတ်သက်ပြီး အယုံအကြည်မရှိထားတဲ့အတွက် NUG အနေနဲ့ရုန်းကန်ရမယ့်အခြေအနေရှိနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.