A Sri Lankan man shouts anti government slogans during a protest outside Sri Lankan president's private residence on the outskirts of Colombo, Sri Lanka, Thursday, March 31, 2022. The people had gathered Thursday to protest the economic hardships faced by them. (AP Photo/Eranga Jayawardena)

ဘန်ကောက်- ဧပြီ(၃)

သီရိလင်္ကာနိုင်ငံရဲ့အဆိုးဆုံးစီးပွားရေးအကြပ်အတည်းတွေနဲ့ နိုင်ငံသားတွေရဲ့ပြင်းထန်တဲ့ ဆန္ဒထုတ်ဖော် မှုတွေကြောင့် သမ္မတ ဂိုဒါဘာရာ ရာဂျာပက်ဆာ ကတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။  

ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ထားတဲ့ အရေးပေါ်ကြေညာချက်ဟာ ဧပြီလ(၁) ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်ပြီး အာဏာပိုင်တွေအနေနဲ့ သံသယရှိသူတွေကို ဝရမ်းမပါပဲ ဖမ်းဆီးစစ်ဆေးအကျဉ်းချ ခွင့်ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်းထန်တဲ့ ဆန္ဒထုတ်ဖော်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ကိုလန်ဘိုမြို့တော်က သမ္မတရဲ့ နေအိမ်ကို  အုတ်ခဲနဲ့ပြစ်ကြပြီး အများပိုင် ဘတ်စ်ကားတစ်စီးကိုလည်း မီးရှို့ခဲ့တဲ့အခြေအနေတွေရှိနေတယ်လို့ ရိုက်တာသတင်းဌာနမှာဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ့ ရေအမြှောက်တွေကို အသုံးပြုပြီး ဖြိုခွဲခဲ့သလို ဒါဇင်ချီတဲ့ လူတွေကိုလည်း ဖမ်းဆီးထားပြီး မြို့တော်မှာတော့ ညမထွက်ရအမိန့်ထုတ်ပြန်ထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အာဏာပိုင်တွေက ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွင်း ရဲအရာရှိ (၂၄) ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့်ပြည်သူတွေထိခိုက်မှုတွေကိုတော့ တိတိကျကထုတ်ပြန်ထားတာမရှိပါဘူး။

“ကျွန်ုပ်အထင် အစိုးရထုတ်ပြန်ချက်မှာ သုံးနှုန်းထားတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်က မှားယွင်းပါတယ်။ အစွန်းရောက်တွေမဟုတ်ပါဘူး၊ သူတို့က အကြမ်းဖက်တွေသားဖြစ်တယ်၊ အစိုးရရဲ့ ရပ်တည်ချက်က အကြမ်းဖက်တွေ ကျဆုံးဖို့ပါ၊ သူတို့ ဖိနှိပ်ခံသင့်ပါတယ်” လို့ ရဲလုပ်ငန်းဝန်ဆောင်မှုဆိုင်ရာ သီရိလင်္ကာ ဝန်ကြီး Dilum Amunugama ရိုက်တာ ကို ပြောပါတယ်။

သီရိလင်္ကာနိုင်ငံဟာ အခုချိန်မှာ နိုင်ငံခြားငွေကြေးလဲလှယ်ဖို့အကြပ်အတည်းတွေနဲ့ရင်ဆိုင်နေတဲ့အတွက် အစားအစာ၊ဆေးဝါးနဲ့လောင်စာဆီဈေးကြီးမြင့်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။

ပြည်သူတွေဟာ လက်ရှိအချိန်မှာ အခြေခံစားသောက်ကုန်တွေရရှိဖို့ နာရီများစွာ စောင့်ဆိုင်းနေရသလို လျှပ်စစ်မီးပျက်တောက်မှုတွေနဲ့လောင်စာဆီအတွက်လည်းစစ်သားတွေရဲ့စောင့်ကြည့်မှုတွေခံနေရတာပါ။

သီရိလင်္ကာနိုင်ငံဟာ ပြီးခဲ့တဲ့(၂) နှစ်အတွင်း နိုင်ငံရဲ့အရန်ငွေကြေးအဖြစ်(၂.၃၁) ဘီလျံအထိကျဆင်း ပြီးနောက် အကြပ်အတည်းတွေရင်ဆိုင်လာရပြီး နိုင်ငံတကာကို အကြွေးပေးဖို့ဒေါ်လာ(၄) ဘီလျံ ကို ဒီနှစ်ကုန်ရင်ပေးချေရဖို့ရှိနေပါတယ်။

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.