April 3, 2022

နျူကလီးယားတင်းမာမှုတွေရှိနေလို့ အမေရိကန်က ICBM တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်မှု နောက်ဆုတ်

ဘန်ကောက်- ဧပြီ(၃) ယူကရိန်း-ရုရှားစစ်ပွဲကြောင့် နျူကလီးယားတင်းမာမှုတွေရှိနေတဲ့ အတွက် အမေရိကန်ရဲ့Minuteman III တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ် ဖို့အမေရိကန်စစ်တပ်က နောက်ဆုတ်လိုက်တယ်လို့ ပြောပါတယ်။ ရုရှားက သူ့ရဲ့နျူတပ်ဖွဲ့တွေကို အသင့်အနေအထားနေဖို့အမိန့်ပေးခဲ့ပြီးချိန်မှာတော့ အမေရိကန်ဘက်က စမ်းသပ်ဖို့ နောက်ဆုတ်လိုက်တာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။ “အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ အသင့်အနေအထားဖြစ်မှုကို လေတပ်က ယုံကြည်ပါတယ်” လို့ လေတပ်ပြောရေးဆိုခွင့် ရှိသူ စတီဖင်နက်ခ် က ပြောပါတယ်။ ဒါ့အပြင်စမ်းသပ်မှုကို…

စီးပွားရေးအကြပ်အတည်းတွေကြောင့် သီရီလင်္ကာနိုင်ငံအရေးပေါ် အခြေအနေကြေညာ

ဘန်ကောက်- ဧပြီ(၃) သီရိလင်္ကာနိုင်ငံရဲ့အဆိုးဆုံးစီးပွားရေးအကြပ်အတည်းတွေနဲ့ နိုင်ငံသားတွေရဲ့ပြင်းထန်တဲ့ ဆန္ဒထုတ်ဖော် မှုတွေကြောင့် သမ္မတ ဂိုဒါဘာရာ ရာဂျာပက်ဆာ ကတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ထားတဲ့ အရေးပေါ်ကြေညာချက်ဟာ ဧပြီလ(၁) ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်ပြီး အာဏာပိုင်တွေအနေနဲ့ သံသယရှိသူတွေကို ဝရမ်းမပါပဲ ဖမ်းဆီးစစ်ဆေးအကျဉ်းချ ခွင့်ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြင်းထန်တဲ့ ဆန္ဒထုတ်ဖော်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ်…

အာဆီယံအဖွဲ့ကိုပေးအပ်ထားတဲ့ ကတိကဝတ်တွေမတည်ရင် မြန်မာကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ဆိုင်းငံ့ထားဖို့လိုအပ်

ဘန်ကောက်- ဧပြီ(၃) အာဆီယံခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဖွဲ့ကိုပေးထားတဲ့ ကတိတွေ မပြည်စုံမချင်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ သတ္တိရှိသင့်တယ်လို့ The Straits Times သတင်းဌာနက ဆောင်းပါးဖော်ပြထားပါတယ်။ ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို စစ်အုပ်စု ကလုယူထားတဲ့ အာဏာပြန် မပေးမချင်း အာဆီယံအဖွဲ့ဝင်အဖြစ်ကနေဆိုင်းငံ့ထားပြီး သူတို့ရဲ့ မဆင်မခြင်လုပ်ရပ်တွေအတွက် တာဝန်ယူသင့်တယ်လို့ ဆောင်းပါးရှင်ကရေးသားထားပါတယ်။ ပြီးခဲ့တဲ့ နှစ်က အင်ဒိုနီးရှား၊မလေးရှား၊စင်္ကာပူနဲ့ ဖိလစ်ပိုင်ခေါင်းဆောင်တွေက…

အထောက်အထားခိုင်လုံရင် ဘဏ်ကနေ တစ်ပတ် ကျပ် သိန်း ၁၀၀ အထိ ထုတ်ခွင့်ပြုမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

မော်လမြိုင် ၊ ဧပြီ (၃) ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာကိစ္စရပ်တွေအတွက် အထောက်အထား ခိုင်လုံရင် လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ဘဏ်စာရင်းတွေကနေ တစ်ပတ် ကျပ် သိန်း ၁၀၀ ထုတ်ပေးမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဘဏ်တွေအပေါ် ပြည်သူလူထု ယုံကြည်ကျဆင်းလာတာ၊ ရာခိုင်နှုန်းနဲ့ ငွေသားထုတ်ယူနေရတာ၊ ငွေစက္ကူအတု…

စီးပွားရေးကြပ်တည်းမှုကြောင့် ပရဟိတ မိဘမဲ့ကျောင်းနဲ့ ဂေဟာတွေ ဆက်လက် ရပ်တည်ဖို့ ပိုမို အခက်ကြုံလာ

မော်လမြိုင် ၊ ဧပြီ (၃) စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေး ရိုက်ခတ်မှုတွေကြောင့် တစ်နှစ်ကျော် ကာလအတွင်း မိဘမဲ့ ကလေးတွေနဲ့ ဆင်းရဲနွမ်းပါး ကလေးတွေကို ကူညီ စောင့်ရှောက်နေတဲ့ ပရဟိတ မိဘမဲ့ကျောင်းနဲ့ ဂေဟာတွေဟာ ဆက်လက် ရပ်တည်ဖို့ ပိုမို အခက်ကြုံလာရတယ်လို့ ပရဟိတ မိဘမဲ့ကျောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပရဟိတ မိဘမဲ့ကျောင်းနဲ့…