မော်လမြိုင် ၊ ဧပြီ (၂)

အများပြည်သူပိုင် ဈေး၊ အဆောက်အဦး၊ လမ်းတံတားနဲ့ စာသင်ကျောင်း အပါအဝင် လူစည်းကားနေတဲ့ နေရာတွေမှာ မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်ဖို့ စစ်ကောင်စီက ရဲနဲ့ တပ်ကို တာဝန်ပေးအပ်ထားတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ အဲဒီမိုင်းထောင်ဖောက်ခွဲမှုတွေကို ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF အပါအဝင် စစ်တပ်ဆန့်ကျင်သူတွေက နိုင်ငံမငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်တယ်ဆိုပြီး လိမ်လည် သတင်းထုတ်ပြန်နိုင်ဖို့အတွက် ဆောင်ရွက်ခိုင်းနေတာ ဖြစ်ပါတယ်။



ရဲအရာရှိတစ်ဦးကတော့ မိုင်းထောင်ဖောက်ခွဲမှုတွေကို စစ်ကောင်စီထံ မှတ်တမ်းနဲ့ တကွ ပြန်လည် တင်ပြပေးရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်ဆောင်ဖို့အတွက် ယုံကြည်စိတ်ချရသူနဲ့ နှုတ်လုံနိုင်မယ့် ရဲနဲ့ စစ်သားတွေကို ရွေးချယ်ပြီး ခိုင်းစေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေတာ၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးနေတာ၊ အစိုးရယန္တရားများ ပျက်ပြားစေတဲ့ ရည်ရွယ်ချက်တွေကို ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ စစ်တပ်ဆန့်ကျင်သူတွေ လုပ်ဆောင်တယ်ဆိုပြီး ပုံဖော်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ မိုင်းထောင်ဖောက်ခွဲမှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆောင်ရွက်နေတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့် MRTV နဲ့ စစ်တပ်ပိုင် မြဝတီ TV Channel တွေကနေ နေ့စဉ်နဲ့အမျှ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.