ဘန်ကောက် – ဧပြီ(၂)

ပြီးခဲ့တဲ့နှစ်က မူးယစ်ဆေးဝါးက ရတဲ့ ငွေကြေး ဘတ်သန်း(၅၀၀) ကျော်ကို ထိုင်းကနေ မြန်မာနိုင်ငံကို အမြန်ချောပို့ ဝန်ဆောင်မှုကိုအသုံးပြုပြီး မှောင်ခိုကူးတဲ့ အမျိုးသားတစ်‌‌​ေယာက်ကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ဖမ်းဆီးခံထားရသူဟာ အသက်(၂၄)နှစ်အရွယ်အမျိုးသားဖြစ်ပြီး သူ့ကို မဲဆိုင်ခရိုင်ခွဲ၊မဲဆိုင်မြို့ကျေးရွာအမှတ် (၆)က သူ့ရဲ့နေအိမ်မှာဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုကော်မရှင်နာဒုတိယဗိုလ်ချုပ်ကြီးဆရာရွတ်ရဲ့ပြောဆိုချက်အရ သံသယ ရှိသူဟာ မြန်မာနိုင်ငံတွင်းက မူးယစ်ထုတ်လုပ်သူတွေဆီကို ပေးပို့တဲ့ အမြန်ချောပို့လုပ်ငန်းကို တဝက်ပိုင်ဆိုင် သူဖြစ်ပြီး ဘတ်တစ်သိန်းပို့ရင် ဝန်ဆောင်ခ ဘတ်သုံးထောင် ကောက်ခံနေတာ ဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီနည်းလမ်းကိုအသုံးပြုပြီး ဘတ်ငွေသန်း(၅၀၀) ကျော်ကို ငွေသားသီးသန့် ထိုင်း နိုင်ငံထဲက ထုတ်ယူသွားခဲ့တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလဆန်းပိုင်းက ချင်းရိုင်းခရိုင်ဒေသန္တရ မြို့တော်ဧရိယာထဲမှာ စိတ်ကြွဆေး (၁.၂) မီလျံနဲ့အတူ ဖမ်းဆီးခံလိုက်ရတဲ့ သူ(၄) ယောက်ကိုစစ်မေးပြီး အခုတရားခံကိုဖမ်းဆီးရ မိတာဖြစ် တယ်လို့ သိရပါတယ်။

တရားခံနဲ့အတူစိတ်ကြွဆေးပြား (၁၇)သန်း၊ ဆေးခြောက်(၅၈၅) ကီလိုဂရမ်၊ဘိန်းဖြူ(၉.၆) ကီလိုဂရမ်နဲ့ ဘိန်း (၂၄) ကီလိုဂရမ်တို့ကို ဘတ်ငွေသန်း(၂၀၀)နဲ့အတူ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တာပါ။

ဖမ်းဆီးခံထားရတဲ့ မစ္စတာ ဝီထာရာကို ပြည်နယ် (၁၂) ခုမှာ စီးနင်းဖမ်းဆီးခံရတဲ့ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး သံသယတရားခံ(၁၈) ယောက်မှာ အပါအဝင်ဖြစ်တယ်လို့သိရပါတယ်။

Ref: Bangkok post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.