ဘန်ကောက် – ဧပြီ(၂)

မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့မလေးရှားနိုင်ငံသားတစ်ယောက်ကို ကွက်မျက်ဖို့ ဆန့်ကျင်တဲ့ မေတ္တာရပ်ခံချက်ကို စင်္ကာပူတရားရုံးက ပယ်ချလိုက်တယ်လို့ သိရပါတယ်။

အသက်(၃၄) နှစ်ရှိပြီဖြစ်တဲ့ မလေးနိုင်ငံသားဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးမူးယစ်ဆေးဝါးအဖြစ်သတ် မှတ်ထားတဲ့ ဟီရိုရင်း (၄၂.၇) ဂရမ်ကို ရောင်းဝယ်ဖောက်ကားခဲ့တာဖြစ်ပါတယ်။

မလေးရှားနိုင်ငံသားရဲ့ရှေ့နေဖြစ်သူကသူ့အမှုသယ်ဟာ စိတ်ဝေဒနာခံစားနေရတဲ့သူဖြစ်တယ်လို့ ဖြေဆို ထားပြီး ထောင်တွင်းဆေးမှတ်တမ်းကို ပြသဖို့တော့ ငြင်းဆိုထားခဲ့ပါတယ်။

လွတ်လပ်သော သုံးသပ်ချက်ပေးဖို့တောင်းခံခဲ့ပေမယ့် အမှုသည်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကျဆင်းစေတယ်လို့ လက်ခံနိုင်တဲ့ သက်သေတစုံတရာမရှိဘူးလို့ တရားစီရင်ရေးအကြီးအကဲ Sundaresh Menon ကပြောပါတယ်။



“အယူခံဝင်သူဟာ ဥပဒေအရ ဖြစ်စဥ်တစ်ခု ခံနိုင်ရည်ရှိပြီး သူ့အနေနဲ့အဲ့ဒီဖြစ်စဉ်ရဲ့အကျိုးရလာဒ်ကို စိန်ခေါ်ဖို့ အခွင့်အရေးမပေးထားပါဘူး” လို့ ရုံးတော်တရားသူကြီးကပြောပါတယ်။

တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တရားမျှတမှုမရှိတဲ့ စီရင်ချက်နဲ့ နှလုံးသားမဲ့တဲ့ အပြစ်ပေးမှုဖြစ်တယ်လို့ တရားခံက အစ်မဖြစ်သူက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ မလေးရှားနိုင်ငံသား Dharmalingam ရဲ့ အသက်ချမ်းသာပေးဖို့ စင်္ကာပူအစိုးရကိုတောင်းဆိုထားပြီးသူဟာမသန်စွမ်းဖြစ်တဲ့အတွက်သေဒဏ်ချမှတ်ခံရတာကနေကာကွယ် ပေးသင့်တယ် လို့ တောင်းဆိုထားကြပါတယ်။

သေဒဏ်ချမှတ်တာဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို အဓိကတားဆီးထားတဲ့ အဟန့်အတားဖြစ်ပြီးနိုင်ငံသားအများစုကထောက်ခံမှုပေးထားတယ်လို့စင်္ကာပူအစိုးရကထုတ်ပြန် ထားပါ တယ်။

မလေးရှားနိုင်ငံသား Dharmalingam ကိုသေဒဏ်ချမှတ်ထားခဲ့ပေမယ့် ဘယ်အချိန်မှာ စီရင်သွားမယ် ဆိုတာကိုတော့ တိတိကျကျထုတ်ပြန်ထားတာမရှိသေးပါဘူး။

၂၀၁၆ က ၂၀၁၉ ခုနှစ်အတွင် စင်္ကာပူမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ တရားခံတွေထဲက (၂၅) ယောက်ကို ကြိုးပေးစီရင်ထားတာဖြစ်ပါတယ်။
Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.