Radio Than Lwin Times(Episode 2/4)
Sound Cloud Link
Sound Cloud Link
ဘန်ကောက် – ဧပြီ(၂) ပြီးခဲ့တဲ့နှစ်က မူးယစ်ဆေးဝါးက ရတဲ့ ငွေကြေး ဘတ်သန်း(၅၀၀) ကျော်ကို ထိုင်းကနေ မြန်မာနိုင်ငံကို အမြန်ချောပို့ ဝန်ဆောင်မှုကိုအသုံးပြုပြီး မှောင်ခိုကူးတဲ့ အမျိုးသားတစ်ေယာက်ကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။ ဖမ်းဆီးခံထားရသူဟာ အသက်(၂၄)နှစ်အရွယ်အမျိုးသားဖြစ်ပြီး သူ့ကို မဲဆိုင်ခရိုင်ခွဲ၊မဲဆိုင်မြို့ကျေးရွာအမှတ် (၆)က သူ့ရဲ့နေအိမ်မှာဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုကော်မရှင်နာဒုတိယဗိုလ်ချုပ်ကြီးဆရာရွတ်ရဲ့ပြောဆိုချက်အရ သံသယ ရှိသူဟာ မြန်မာနိုင်ငံတွင်းက မူးယစ်ထုတ်လုပ်သူတွေဆီကို ပေးပို့တဲ့ အမြန်ချောပို့လုပ်ငန်းကို တဝက်ပိုင်ဆိုင်…
ဘန်ကောက် – ဧပြီ(၂) မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့မလေးရှားနိုင်ငံသားတစ်ယောက်ကို ကွက်မျက်ဖို့ ဆန့်ကျင်တဲ့ မေတ္တာရပ်ခံချက်ကို စင်္ကာပူတရားရုံးက ပယ်ချလိုက်တယ်လို့ သိရပါတယ်။ အသက်(၃၄) နှစ်ရှိပြီဖြစ်တဲ့ မလေးနိုင်ငံသားဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးမူးယစ်ဆေးဝါးအဖြစ်သတ် မှတ်ထားတဲ့ ဟီရိုရင်း (၄၂.၇) ဂရမ်ကို ရောင်းဝယ်ဖောက်ကားခဲ့တာဖြစ်ပါတယ်။ မလေးရှားနိုင်ငံသားရဲ့ရှေ့နေဖြစ်သူကသူ့အမှုသယ်ဟာ စိတ်ဝေဒနာခံစားနေရတဲ့သူဖြစ်တယ်လို့ ဖြေဆို ထားပြီး ထောင်တွင်းဆေးမှတ်တမ်းကို ပြသဖို့တော့ ငြင်းဆိုထားခဲ့ပါတယ်။ လွတ်လပ်သော သုံးသပ်ချက်ပေးဖို့တောင်းခံခဲ့ပေမယ့် အမှုသည်ရဲ့…
မော်လမြိုင်၊ ဧပြီ ၂ ကေအဲန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF) တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံး ဒဏ်ရာရရှိတာတွေရှိခဲ့တယ်လို့ KNU မူတြော်သတင်းစဥ်က ထုတ်ပြန်ပါတယ်။ ဧပြီ ၁ ရက်နေ့ မနက် ၆ နာရီက KNLA…
မော်လမြိုင် ၊ ဧပြီ (၂) အများပြည်သူပိုင် ဈေး၊ အဆောက်အဦး၊ လမ်းတံတားနဲ့ စာသင်ကျောင်း အပါအဝင် လူစည်းကားနေတဲ့ နေရာတွေမှာ မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်ဖို့ စစ်ကောင်စီက ရဲနဲ့ တပ်ကို တာဝန်ပေးအပ်ထားတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ အဲဒီမိုင်းထောင်ဖောက်ခွဲမှုတွေကို ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF အပါအဝင် စစ်တပ်ဆန့်ကျင်သူတွေက နိုင်ငံမငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်တယ်ဆိုပြီး လိမ်လည် သတင်းထုတ်ပြန်နိုင်ဖို့အတွက်…
မော်လမြိုင် ၊ ဧပြီ (၂) အာဏာသိမ်း စစ်ကောင်စီက ဖွင့်လှစ်မယ့် တက္ကသိုလ်တွေကို မတက်ဘဲ ဆက်လက် တော်လှန်ပေးဖို့ CDM တက္ကသိုလ်ဆရာ၊ဆရာမတွေနဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်၊ဒီဂရီကောလိပ်နဲ့ ကောလိပ်အသီးသီးက အတန်းအားလုံးကို မေ ၁၂ ရက်မှာ စတင် ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ စစ်ကောင်စီက…
မော်လမြိုင် ၊ ဧပြီ (၂) မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်ပွဲတော် ကျင်းပဖို့ စီစဉ်နေပေမယ့် သင်္ကြန် အသုံးအဆောင် ပစ္စည်းတွေ အရောင်းအဝယ် မရှိသလောက် နည်းပါးနေတယ်လို့ ဈေးရောင်းနေသူတွေက ပြောပါတယ်။ မွန်ပြည်နယ်ရဲ့ သင်္ကြန်ကာလတွေမှာ ရေပြွတ်၊ ဖုန်းရေစိုခံအိတ်၊ မျက်မှန်၊ ဆပ်ပြာ စပလေးဗူးအပြင် တခြား အသုံးအဆောင် ပစ္စည်းတွေဟာ သင်္ကြန်မတိုင်မီကတည်းက ရောင်းလိုအားကောင်းခဲ့ပေမယ့်…