ထားဝယ်-ထီးခီးလမ်းပိုင်းမှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအချိန်ထိသာ သွားလာကြဖို့ ဒေသ PDF သတိပေး
မော်လမြိုင် ၊ မတ် (၂၉) တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးလမ်းပိုင်းမှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအချိန်ထိသာ သွားလာကြဖို့ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထားဝယ်ပကဖ)က မတ်လ ၂၈ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီတပ်က ထားဝယ်-ထီးခီးလမ်းပိုင်းမှာ အရပ်သားတွေ အသုံးပြုတဲ့ကားတွေနဲ့ သွားလာနေတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာ ကားမှန်ချ မောင်းနှင်ကြဖို့အပြင် ကားမောင်းရာမှာလည်း…