ယူကရိန်းဆိပ်ကမ်းတွေကနိုင်ငံခြားသင်္ဘောတွေထွက်ခွါခွင့်ပြုဖို့အတွက် လူသားချင်းစာနာထောက်ထား မှု ဆိုင်ရာစင်္ကြံဖွင့်လှစ်ဖို့ ရုရှားက တောင်းဆိုခဲ့တယ်လို့ ယူကရိန်းပြည်တွင်းသတင်းဌာန The Kyiv Independent က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစင်္ကြံကိုဒီလ(၂၅)ရက်နေ့မနက်က(၈)နာရီကနေည(၇)နာရီထိဖွင့်လှစ်ထားမှာဖြစ်ကာ(၃)မိုင်ကျယ် ဝန်းပြီး ပင်လယ်နက်ထဲမှာမျောနေတဲ့ ရေအောက်မိုင်းတွေရှိနေတယ်လို့တော့ သတင်းဌာနတွေက အခိုင်အမာရေးထားကြပါတယ်။

ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ စစ်ပွဲဒုတိယလကို ဝင်လာတာနဲ့အမျှ ယူကရိန်း သမ္မတ ဇီလန်းစကီးက မြို့ကြီး(၄)မြို့ကို Hero City နဲ့ National Guard Service အဖွဲ့ဝင် Hero of Ukraine အဖြစ်ဂုဏ်ထူးဆောင်ဘွဲ့ပေးခဲ့ပါသေးတယ်။

ယူကရိန်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုအခြေအနေမှာ အဆိုး ရွာဆုံးအခြေအနေအနေမှာရှိ နေပြီး မာရီယူပူးမြို့တော်ကောင်စီက ဒေသခံတွေအစာရေဆာငတ်မွတ်ခေါင်းပါးမှုတွေကြောင့် သေဆုံး နေရတဲ့အခြေအနေတွေအတွက်အကူအညီပေးဖို့တောင်းဆိုနေကြပါတယ်။

ဒေသခံသတင်းဌာနတွေရဲ့ဖော်ပြချက်အရ ပြည်သူတွေဟာ အစားအစာမရှိပဲ ကျန်ရစ်သူပိုမိုများလာတဲ့ အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတွေဖန်တီးဖို့နဲ့ အကူအညီပေးဖို့ ကြိုးစားခဲ့ကြပေ မယ့် ရုရှားတပ်တွေက အပစ်ရပ်စဲရေးသဘောတူညီချက်တွေကို ချိုးဖောက်နေတယ်လို့ သိရပါတယ်။

ရုရှားကိုအနောက်နိုင်ငံတွေက ရှုတ်ချတာ စီးပွားရေးပိတ်ဆို့တာနဲ့ နိုင်ငံရဲ့အဓိကပုဂ္ဂိုလ်တွေကို ဒဏ်ခတ် ပိတ်ဆို့တာတွေချမှတ်ခဲ့တဲ့အပြင် အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ အီတလီ၊ ဖင်လန်နိုင်ငံနဲ့ တခြား နိုင်ငံတွေကလည်း ရုရှားလေယာဉ်တွေကို သူတို့ရဲ့လေပိုင်နက်အတွင်းပျံသန်း ခွင့်ကိုတား မြစ်ထား ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.