၂၀၂၀ခုနှစ်ကဖြစ်ပွားခဲ့တဲ့နယ်စပ်တိုက်ပွဲတွေကြောင့်နှစ်နိုင်ငံဆက်ဆံရေးယိုယွင်းလာပြီး ပထမဆုံးအကြိမ်အဖြစ် တရုတ်နဲ့အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီးတွေ ဒီနေ့မတ်လ(၂၅) ရက်နေ့မွန်းတည့်ချိန်မတိုင်ခင်တွေ့ဆုံဖို့ရှိတယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

ဝမ်ဟာအိန္ဒိယနိုင်ငံခြား‌ရေးဝန်ကြီး ဆူဘရတ်မန်ယမ် ဂျိုင်ရှန်ကာ နဲ့တွေဆုံပြီး နေ့လည်ပိုင်းမှာ နီပေါနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

ဝမ် နယူဒေလီကိုမရောက်မီ နှစ်ဘက်လုံးက ခရီးစဉ်ကိုကြေညာခဲ့တာမရှိပေမယ့် ရိုက်တာမိတ်ဖက် ဌာန ANIသတင်းဌာနရဲ့ ဗီဒီယိုဖိုင်မှာနိုင်ငံဧည့်သည် တွေဆိုက်ရောက်တဲ့ကာကွယ်ရေးအဆောက်အအုံက ဆင်းသက် လာတာမဟုတ်ပဲ စီးပွားရေးလေဆိပ်က ထွက်လာတာကိုပြသခဲ့ပါတယ်။

ဝမ်ဟာအငြင်းပွားမှုတွေရှိနေတဲ့ကက်ရှ်မီးယားဒေသနဲ့ပတ်သက်ပြီးပါကစ္စတန်မှာပြောခဲ့တာ နဲ့ပတ်သက်ပြီး ပါကစ္စတန်မှာ ပြောခဲ့တာတွေအတွက် အိန္ဒိယအစိုးရက ပြစ်တင်ရှုတ်ချခဲ့ပါသေးတယ်။ မူဆလင်အများစုအခြေခံနေထိုင်တဲ့ကက်ရှ်မီးယားဒေသအရေးနဲ့ပတ်သက်ပြီး ပါကစ္စတန်နဲ့အိန္ဒိယတို့ဟာ အပြည့်အဝထိန်းချုပ်ဖို့ တောင်းဆိုထားတာတွေရှိနေပြီး တရုတ်နိုင်ငံကတော့ အနီးကပ်မဟာမိတ် ပါကစ္စတန်ဘက်က ရပ်တည်ထားပါတယ်။

၂၀၂၀အတွင်းကနယ်စပ်တိုက်ပွဲတွေကြောင့်အိန္ဒိယစစ်သားအယောက်(၂၀)နဲ့တရုတ်စစ်သား(၄) ယောက်သေဆုံးပြီးတဲ့နောက် တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားဆက်ဆံရေး ဆိုးရွားလာခဲ့တာပါ။

အခုတွေ့ဆုံမှုမှာတော့ နှစ်နိုင်ငံ နယ်နိမိတ်တင်းမာမှုတွေနဲ့ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုတွေ အကြောင်း ဆွေးနွေးသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတွေဟာယူကရိန်းနိုင်ငံကိုရုရှားရဲ့ကျူးကျော်စစ်အတွက်ရှုတ်ချဖို့ အနောက်နိုင်ငံတွေရဲ့တောင်းဆိုတာတွေကို အထူးစစ်ဆင်ရေးလို့ အမည်ပေးထားပြီး တောင်းဆိုမှုတွေကို ပယ်ချခဲ့ကြပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.