March 20, 2022

မော်စကိုနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ရန် အချိန်ကျပြီဟု ယူကရိန်းသမ္မတဆို

ကိဗ်၊ မတ် ၁၉ ယူကရိန်းသမ္မတ ဇာလန်းစကီးက မော်စကိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ဖို့ စနေနေ့က တောင်းဆိုခဲ့ပြီး ရုရှားသည် စစ်ပွဲအတွင်း ဆုံးရှုံးခဲ့ရသည့် ထိခိုက်ပျက်စီးမှုများကို ပြန်လည် ကုစား ဖို့ရန်အတွက် မျိုးဆက်ပေါင်းများစွာ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇယ်လန်းစကီးက ယူကရိန်းသည် ငြိမ်းချမ်းရေးအတွက် အဖြေရှာရန် အမြဲတမ်း ကမ်းလှမ်းခဲ့ပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အဓိပ္ပါယ်ရှိပြီး ရိုးသားပွင့်လင်းမှုရှိတဲ့…

ထိုင်ဝမ်အရေးမှားယွင်းစွာကိုင်တွယ်မှု တရုတ်-အမေရိကန်ဆက်ဆံရေးထိခိုက်နိုင်ဟု ရှီကျင်းပင်ပြော

ဘေဂျင်း၊ မတ် ၁၉ တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများကို ရှောင်ရှားရန် ထိုင်ဝမ်အရေးကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အား ပြောဆိုခဲ့သည်ဟု တရုတ်မီဒီယာများ၏ ဖော်ပြချက်အရ သိရပါသည်။ ခွဲထွက်ပြည်နယ်အဖြစ် ရှုမြင်ထားသည့် ထိုင်ဝမ်ကို တရုတ်အနေဖြင့် လိုအပ်ပါက အင်အားသုံး၍ ပြန်လည် သိမ်းယူမည်ဟု ခြိမ်းခြောက်ခြင်းဟာ…

စာသင်ကျောင်းပိတ်တဲ့ ကိစ္စ စစ်ကောင်စီနယ်လုံဝန်ကြီး ကန့်ကွက်စာ ပေးပို့မှု တရားမဝင်ဘူးလို့ KNU တုံ့ပြန်

မော်လမြိုင် ၊ မတ် (၂၀) ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းက စာသင်ကျောင်း(၄)ကျောင်းပိတ်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီနယ်လုံဝန်ကြီးရဲ့ ကန့်ကွက်စာ ပေးပို့မှုဟာ တရားမဝင်ဘူးလို့ KNU တပ်မဟာ(၁) သထုံရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က တုံ့ပြန်လိုက်ပါတယ်။ ဘားအံမြို့က အထက တကောင်းဘိုး၊အထက မြိုင် အထက(ခွဲ) ဝဲပျံနဲ့ အလက ဘောသပြု စတဲ့ကျောင်းတွေက သက်ဆိုင်ရာဝန်ထမ်းတွေနဲ့ကော်မတီဝင်တွေကို လုံခြုံရေးမပေးနိုင်လို့ ဖေဖော်ဝါရီလ(၁၀)…