ကိဗ်၊ မတ် ၁၄

ရုရှားက ယူကရိန်းစစ်ပွဲအတွက် စစ်ရေးနဲ့ စီးပွားရေးအကူအညီပေးဖို့ တရုတ်ကို တောင်းဆိုထားသည်ဟု အမေရိကန်မီဒီယာတွေက ဖော်ပြထားပြီး နာရီပိုင်းအကြာမှာပဲ မော်စကိုက ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲ ဖို့အတွက် အကူအညီပေးခဲ့ပါက ဘေကျင်းအနေနဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံရနိုင်တယ်လို့ အိမ်ဖြူတော်မှ သတိပေးလိုက်ပါတယ်။

ရုရှားသည် ၎င်း၏ အဓိကမဟာမိတ်ထံမှ စစ်လက်နက်ပစ္စည်းများနှင့် အထောက်အပံ့များ တောင်းခံထားကြောင်း အနောက်ကမ္ဘာမှ ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆန့်ကျင်သည့်အနေဖြင့် စီးပွားရေးအရ အကူ အညီပေးရန် ပေကျင်းအား တောင်းဆိုခဲ့သည်ဟု အမည်မသိအရာရှိများကို ကိုးကား၍ New York Times က ထပ်မံဖော်ပြခဲ့သည်။

တာဝန်ရှိသူများက ရုရှားတောင်းဆိုခဲ့သည့် အရာကို အတိအကျ ရှင်းပြရန် ငြင်းဆိုခဲ့ပါတယ်။ 

ဝါရှင်တန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက အဆိုပါစွပ်စွဲချက်များနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ဒါမျိုး တစ်ခါမှ မကြားဖူးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်ထိပ်ပိုင်းအရာရှိများနှင့် ရောမမြို့တွင် တနင်္လာနေ့မှာ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်က ကြေညာပြီး နာရီအနည်းငယ်အကြာမှာပဲ ဒီသတင်းတွေ ထွက်ပေါ်လာတာပါ။

အမျိုးသားလုံခြုံရေးအကြံပေး ဂျိက်ဆူလီဗန်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ သံတမန်အကြီးအကဲ ယမ်းဂျီးချီ တို့က “ကျွန်ုပ်တို့နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုများကြောင့် ဖြစ်လာနိုင်မယ့် အကျိုးရလဒ်များကို စီမံခန့်ခွဲရန်နှင့် ယူ ကရိန်းနှင့် ရုရှားစစ်ဖြစ်ပွားမှုကြောင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက် အကျိုး သက်ရောက်မှုများကို ဆွေးနွေးမည်” ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အမ်မလီ ဟော်နီ က တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဘေဂျင်းသည် ရုရှား၏ကျူးကျော်မှုအတွက် မော်စကိုအား တိုက်ရိုက်ရှုတ်ချရန် ငြင်းဆိုခဲ့ပြီး ရုရှားနှင့် ယူကရိန်း ကြား တင်းမာမှုများ ပိုမိုဆိုးရွားလာသည့်အတွက် နေတိုး၏ အရှေ့သို့ တိုးချဲ့မှုကို ထပ်ခါတလဲလဲ အပြစ်တင်ခဲ့ပြီး ကရင်မလင်၏ လုံခြုံရေးဆိုင်ရာ မကျေနပ်ချက်ကို ထပ်ဟပ်အောင် ထောက်ပြပြောဆိုနေခဲ့သည်။

ဆူလီဗန်သည် ဒဏ်ခတ်ပိတ်ဆို့မှုများ၏ သက်ရောက်မှုမှ ရှောင်လွှဲနိုင်ရန် တရုတ်နိုင်ငံမှ ရုရှားအား အထောက်အပံ့ပစ္စည်းများ သို့မဟုတ် စီးပွားရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်ခြင်း ရှိမရှိကို အိမ်ဖြူတော်မှ “အနီးကပ် စောင့်ကြည့်နေ” ကြောင်း ပြောကြားခဲ့သည်။

“ဒါဟာ ငါတို့ရဲ့ စိုးရိမ်စရာပါ၊ စီးပွားရေး ပိတ်ဆို့မှုကြောင့် ရုရှားရဲ့ ဆုံးရှုံးမှုအတွက် ဘယ်နိုင်ငံကမှ အထောက်အပံ့ ပေးဖို့အတွက် ရပ်တည်မှာ မဟုတ်ဘူးလို့ ပေကျင်းကို အကြောင်းကြားထားပါတယ်” ဟု ၎င်းက CNNသို့ ပြော ကြားခဲ့သည်။

မော်စကိုအား နိုင်ငံတကာမှ ရှုတ်ချသည့်ကြားမှ ရုရှားနှင့် ၎င်း၏ ချစ်ကြည်ရင်းနှီးမှုသည် “အခိုင်အမာ” ရှိနေ သေးကြောင်း ဘေဂျင်းက ယခုသီတင်းပတ်တွင် ပြောကြားခဲ့ပြီး စစ်ပွဲအဆုံးသတ်ရေး ပြေလည်အောင် ကူညီ ဆောင်ရွက်ပေးရန် လမ်းဖွင့်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဘာသာပြန် – အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.