ပဲရစ်၊ မတ် ၁၃

ပြင်သစ်နိုင်ငံတစ်ဝှမ်းတွင် လာမည့်လမှာ ကျင်းပမည့် သမ္မတရွေးကောက်ပွဲများတွင် ရာသီဥတုအကျပ်အတည်း ကို ပိုမိုအာရုံစိုက်ရန် သောင်းနှင့်ချီသောလူများက စနေနေ့တွင် ဆန္ဒပြခဲ့ကြသည်။

ပါရီတွင် ဆန္ဒပြသူများသည် “မျှော်ကြည့်ပါဦး” ဟု လိမ္မော်ရောင် စာလုံးအကြီးကြီးဖြင့်ဖော်ပြထားသည့် စာတန်း ကို  ကမ္ဘာဂြိုဟ်ကို ကာကွယ်ရန်အတွက် နိုင်ငံရေးသမားများအနေဖြင့် ဦးစားပေးရန် တိုက်တွန်းထားသည်။

“ငါတို့ ဒီအကြောင်းကို ဘယ်တော့မှ ပြောကြမှာလဲ” အခြားနိမိတ်လက္ခဏာတွေကိုလည်း ကြည့်ပါ။ စသဖြင့် ရေးသားဖော်ပြခဲ့သည်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွင် ရာသီဥတုအကျပ်အတည်းနှင့်ပတ်သက်ပြီး မီဒီယာများတွင် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၆ ရက်အထိ ဖော်ပြမှုမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သော ရာသီဥတုမျှတရေးပြုလုပ်သည့် NGO အဖွဲ့များ၏ စစ်တမ်းတစ်ခုအရ သိရှိရသည်။

ပါရီမြို့၌ လူ ၃၂,၀၀၀ အပါအဝင် နိုင်ငံတစ်ဝှမ်းတွင် ဆန္ဒပြသူ ၈၀,၀၀၀ ဟာ ဆန္ဒပြခဲ့ကြောင်း ဦးဆောင်သူတွေက ပြောကြားခဲ့သော်လည်း ဆန္ဒပြသူ ၄၀,၀၀၀ ခန့်သာ ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်းရှိ လိုင်လီမြို့တွင် ရာသီဥတုအကျပ်အတည်းသည် “စိုးရိမ်ရသည်ထက် ပိုဆိုးဝါးတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်” “ကျွန်မတို့ သားသမီးတွေကို ချန်ထားရမယ့်မြေကို ကာကွယ်ရမှာပေါ့” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ ဘားနမ်းက ဖော်ပြခဲ့သော်လည်း  နိုင်ငံရေးသမားများက ၎င်းတို့၏ စိန်ခေါ်မှုနဲ့ပတ်သက်ပြီး ကိုင်တွယ် ဖြေရှင်းရန် အသင့်ရှိကြောင်း ယခုအချိန်အထိပြသခဲ့ခြင်း မရှိပေ။ 

ဘာသာပြန် – အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.