အစ္စလာမ်မာဘတ်၊ မတ် ၁၃

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံအတွင်း ပဲ့ထိန်းဒုံးတစ်လုံး မတော်တဆပစ်လွှတ်ခဲ့သည်ဟူသော ပြောကြားချက်အပေါ် ပူးတွဲသက်သေပြချက်တစ်ရပ်ပြသရန် ပါကစ္စတန်ဘက်မှ မတ်လ ၁၂ ရက်နေ့ တွင် တောင်းဆိုလိုက်သည်။

အိန္ဒိယကမူ ၎င်းအဖြစ်အပျက်ကို အတွင်းရေးအဖြစ်ထိန်းသိမ်းထားလိုသည်ဟူသော ပြောဆိုချက်ကို ပယ်ချပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ကြရန်လည်း တောင်းဆိုလိုက် သည်။ 

“ထိုကဲ့သို့သော အရေးကြီး ကိစ္စရပ်ကို အိန္ဒိယအာဏာပိုင်များမှ ကမ်းလှမ်းထားသော အရိုးရှင်းဆုံး ဖြေရှင်းချက်ဖြင့် ဖြေရှင်း၍ မရနိုင်ပါ။ ပါကစ္စတန်အနေဖြင့် ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး အချက် အလက်များကို မှန်ကန်စွာ ပြသနိုင်ဖို့ ပူးပေါင်းသက်သေပြချက်တစ်ရပ်တောင်းဆိုပါသည်”ဟု ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ယခုသီတင်းပတ်အတွင်း နည်းပညာဆိုင်ရာ ချို့ယွင်းချက်ကြောင့် ပါကစ္စတန်နိုင်ငံအတွင်းသို့ ပဲ့ထိန်းဒုံး တစ်လုံးကို မတော်တဆဲ ပစ်လွှတ်ခဲ့မိသည်ဟု အိန္ဒိယနိုင်ငံမှ သောကြာနေ့တွင် ပြောကြားခဲ့ပြီး နောက် ယင်းအကျိုးဆက်များနှင့် ပတ်သက်၍ နယူးဒေလီအစိုးရသို့ ပါကစ္စတန်မှ သတိပေးခဲ့သည်။  

နိုင်ငံတကာအသိုက်အဝန်းသည် နျူကလီးယား ကင်းမဲ့သောပတ်ဝန်းကျင်နှင့် တည်ငြိမ်ရေးကို မြှင့်တင် ရာတွင် ၎င်း၏ အခန်းကဏ္ဍမှ ပါဝင်ရမည်ဟု ပါကစ္စတန် နိုင်ငံခြားရေးရုံးမှ ထုတ်ပြန်ချက်တွင် တိုက်ထွန်းထားပြီး ဤအခြေအနေနှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးမှမှ လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုပါက ပြင်းထန်သည့် အကျိုးဆက်များ ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။

စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် နျူကလီယားလက်နက်တပ်ဆင်ထားသော အိမ်နီးချင်းများ ကြောင့် မတော်တဆဘေးဖြစ်နိုင်ချေများကို သတိပေးခဲ့ပြီး ကက်ရှ်မီးယား နယ်နိမိတ်ကို ထိပါး နှောက်ယှက်ရန်အလို့ငှာ စစ်ပွဲသုံးကြိမ်နှင့် မြောက်များစွာသော အသေးစာထိတွေ့တိုက်ခိုက်မှုများ ပုံမှန်ဖြစ်ပေါ်ခဲ့သည်။  

တင်းအားများမှာ မကြာသေးမီလများအတွင်းက ပြေငြိမ်းသွားသော်လည်း ထိုအဖြစ်အပျက်သည် ပထမဆုံးအကြိမ်ပြန်လည်ဖြစ်ပေါ်ခဲ့ပြီးနောက် လုံခြုံရေးယန္တရာများနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ ကြသည်။ 

ပါကစ္စတန်သည် အိန္ဒိယ၏ မတော်တဆ ပဲ့ထိန်းဒုံးပစ်လွှတ်မှုများကို ကာကွယ်နိုင်ရန် လုံခြုံရေးယန္တရား များနှင့် သက်ဆိုင်သည့် ရှင်းလင်းချက်များကို တောင်းဆိုခဲ့ပြီး ထို စနစ်များကို လက်နက်ကိုင်တပ်ဖွဲ့များ မှ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ထားသလားဟု မေးခွန်းထုတ်ခဲ့သည်။  

အမေရိကန်ပြည်ထောင်စု အခြေစိုက် လက်နက်များထိန်းချုပ်ရေး အသင်းချုပ်၏ ပြောကြားချက်အရ အဆိုပါ ပဲ့ထိန်းဒုံးသည် စတင်ပစ်လွှတ်သော အိန္ဒိယမြောက်ပိုင်းမှအကွာအဝေး ၃၀၀ ကီလိုမီတာ မှ ၅၀၀ ကီလိုမီတာအတွင်းရှိပြီး အစ္စလာမ်မာဘတ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ 

ဘာသာပြန် – အောင်မျိူးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.