ရန်ကုန်၊ မတ် ၁၂

မြန်မာနိုင်ငံ၏ နေရာအစိတ်အပိုင်းအတော်များများတွင် ပိုမိုဆိုးရွားသော လျှပ်စစ်မီးပြတ်တောက်မှုများကို ရင်ဆိုင်နေရပြီး သုံးရေရရှိမှုကဏ္ဍများတွင်လည်း ထိခိုက်လာရသလို အွန်လိုင်းသင်ကြာရေးများတွင်လည်း အထစ်အငေ့ါဖြစ်ခဲ့ရပြီး ယမန်နှစ် စစ်တပ်အာဏာသိမ်းချိန်ကတည်းက စီးပွားရေးကဏ္ဍများတွင် ကသောင်း ကနင်းဖြစ်နေခဲ့‌သောကြောင့် ပြည်သူအများအပြား စိတ်ဆင်းရဲဒုက္ခရောက်စေခဲ့သည်။

လူမှုကွန်ရက်များတွင် ဖော်ပြထားသော ဓါတ်ပုံများတွင် ရန်ကုန်မြို့ ခရိုင်အတော်များများရှိ လူအများသည် ရေစည်ကားတစ်စင်းမှ ရေ ရယူနိုင်ရေးအတွက် စောင့်ဆိုင်းနေကြသည်ကို ဖော်ပြထားသည်။ 

“နေ့တိုင်း ကျွန်တော်တို့က လျှပ်စစ်မီးနဲ့ပတ်သက်ပြီး ပူပန်ရတယ် ဘာကြောင့်လဲဆိုတော့ အဲ့ဒါမရှိရင် ရေ လည်း မရှိတာကြောင့်ပဲ။ ကျွန်တော်တို့ ချက်ပြုတ်လို့မရဘူး၊ ကလေးတွေလည်း အွန်လိုင်း ကျောင်းကို တက် လို့ မရတော့ဘူးပေ့ါ” ဟု အ‌ဆောက်အအုံတိုင်းတွင် ရေပန့်မော်တာအများအပြား တပ်ဆင်ထားသည့် မြန်မာ နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့နေ အသက် ၅၅ နှစ် အရွယ် တင်က ပြောကြားခဲ့သည်။

လုံခြုံရေးအရ စိုးရိမ်ပူပန်သောကြောင့် တင် ဟူသော အမည်တွင်သည့် အဆိုပါပုဂ္ဂိုလ်က လွန်ခဲ့သော တစ် ရက် နှစ်ရက်ခန့်အတွင်း သူမ တိုက်ခန်းအတွက် ရေအလုံအ‌လောက် မောင်းတင်နိုင်ဖို့ မီးစက်ကို တစ်နာရီလျှင် ကျပ်ငွေ (၇၀၀၀) (ဘတ် – ၁၃၀) ပေးဆောင်ရသည်ဟု ပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မြန််မာနိုင်ငံသည် ရေအားလျှပ်စစ်စက်ရုံမှ ပံ့ပိုးမှုအင်အား လျော့ ကျခြင်းကြောင့် နွေရာသီရောက်လျှင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်လေ့ရှိသည်။ သို့သော် လျှပ်စစ် ဝန်ကြီးဌာနသည် ပုံမှန်ပြတ်တောက်မှုထက် ဆိုးရွားသော မီးဖြတ်တောက်မှုအတွက် အားတင်းထား ကြရန် ပြည်သူများကို အသိပေးခဲ့သည်။ 

ယခုသီတင်းပတ် ထုတ်ပြန်ချက်တွက် စစ်တပ်ထိန်းချုပ်ထားသည့် ဝန်ကြီးဌာနက လောင်စာဆီဈေးမြင့်မားမှု ကြောင့်သာမက ပါဝါလိုင်းများဖျက်ဆီးခံရခြင်းကြောင်း မီးပြတ်တောက်မှုများဖြစ်ပေါ်ရသည်ဟု အပြစ်တင် ပြောဆိုထားပြီး လာမည့်ရက်များအတွင်း (လျှပ်စစ်မီး) ပိုမိုပြတ်တောက်ခြင်းများအတွက် မျှော်လင့်ထား ကြရန် ပြောကြားခဲ့သည်။ 

ထိုထုတ်ပြန်ချက်အရ အချို့သော သဘာဝဓာတ်‌ငွေရည်စက်ရုံများသည် လောင်စာဆီ ကုန်ကျစရိတ် မြင့်မား မှုကြောင့် ရပ်တန့်ခဲ့ရသည်ဟု သိရသည်။ 

သဘာဝဓာတ်ငွေ့ရည်ဖြင့် (လျှပ်စစ်မီး) ထုတ်လုပ်မှုများမှာ ဒီမိုကရက်တစ်ပြုပြင်‌ပြောင်းလဲရေးအတွင်း စီးပွား‌ရေးတိုးတက်လာသော နိုင်ငံတစ်ခုအတွက် အရေးကြီးသည်ဟုထင်ရသော်လည်း မြန်မာနိုင်ငံရှိ လျှပ်စစ်ဓါတ်အားအများစုကို ရေအားလျှပ်စစ်စီမံကိန်းများမှ ထုတ်လုပ်သောကြောင့် တသတ်မတ်တည်း မဟုတ်သော စွမ်းအင်ပံ့ပိုးမှုများကိုသာ ဦးတည်ဖြစ်ပေါ်စေခဲ့သည်။ 

အသက် ၃၁ နှစ်အရွယ် ရန်ကုန်မြို့ နေထိုင်သူ “အေး” က ရေကို အရေးတကြီးသုံးဖို့အတွက် ချွေတာနေကြရ သည်ဟု ပြောကြားခဲ့သည်။ 

“ဘယ်လောက်ပဲ ရာသီဥတု ပူနေပါစေ ကျွန်မတို့မှာ ရေအလုံအလောက်မရှိတာကြောင့် အေးအေးလူလူ ဖြစ်အောင် ရေချိုးချင်ပြန်လည်း ရေသုံးလို့က မဖြစ်” ဟု အဆိုပါ ဖြေကြားသူက ဖြည့်စွက်ခဲ့သည်။ 

နေထိုင်သူများ၏ ပြောကြားချက်အရ မြန်မာနိုင်ငံ၏ နေရာအတော်များများတွင် လျှပ်စစ်မီးကို ခြောက်နာရီ တစ်ချိန်သာ ပေးနေသည်ဟု ပြောကြားခဲ့သည်။ 

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် အွန်လိုင်းအတန်းများ အနှောက်အယှက် ကြုံနေရသည့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အင်္ဂလိပ်စာဆရာမ “ထက်” က “ချမ်းသာမှ၊ ငွေရှိမှ အတန်း တွေတက်နိုင်တဲ့ ကျွန်မတို့ရဲ့ ကလေးဘဝကို ပြန်ရောက်သွားသလို ခံစားရပါတယ်” ဟု ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်  

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.